ဇွန်လဒုတိယပတ်အတွင်းက မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများကို စိစစ်အရေးယူမည်

ဇွန်လဒုတိယပတ်အတွင်းက မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများကို စိစစ်အရေးယူမည်

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်းသို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများမှ တရားမဝင် ပြန်လည်ဝင်ရောက် လာသူများကို စိစစ်အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ အရေးယူမှုက လုပ်ဆောင်သွားမယ်။ ဒါကို လဝက မေးလေ။ အရေအတွက်ကတော့ မှားရင်မကောင်းဘူးလေ။ ဥပဒေကြောင်းအရ ဥပဒေနဲ့ အညီ အရေးယူမယ်” ဟု ပြောဆိုသည်။

အဓိအားဖြင့် ဝင်ရောက်လာသူများမှာ ဇွန်လ ၁ဝ ရက် ပတ်ဝန်းကျင်က ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းသို့ ဆက်သွယ်ရာ ဝန်ကြီးက “ ဇွန် ၁ဝ ရက် နောက်ပိုင်းမှာ နိုင်ငံတော်က ကျေညာတာ ရှိတယ်။ ၁ဝ ရက်နေ့မတိုင်ခင်မှာလည်း သူတို့ အမျိုးသား အဆင့် အစည်းအဝေး လုပ်တယ်။ လုပ်တဲ့အခါကျတော့ အဲဒီအစည်းအဝေးမှာ ဒီလို မတရား ဝင်လာတဲ့ အဖွဲ့တွေကို အရေးယူဖို့ဆိုပြီးတော့ ဒါမျိုးတွေ လုပ်ကြတာပေါ့နော်။ နိုင်ငံတော် အမျိုးသား ဗဟိုအဆင့်ကလည်း ကျေညာ ထားတယ်လေ။ တရားဝင် ဝင်ပေါက်ကနေ ဝင်ဖို့၊ တရားမဝင် ဝင်ပေါက်ကနေ ဝင်လာရင် အရေးယူဖို့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အခုအဖွဲ့တွေက အဲသလို ဝင်လာတာမျိုး ဖြစ်တာပေါ့နော်။ တချို့က တရားမဝင် ခိုးဝင်လာတယ်။ အဲဒါ တရားစွဲမှာပေါ့” ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် စပြီး လုပ်ကိုင်ဆောင်ရွက်ရသဖြင့် လူအရေအတွက်ကို တိတိကျကျ မပြောနိုင်သေးကြောင်း ပြောဆိုသည်။

“ အရေအတွက်က အတိအကျ ပြောလို့ မရသေးဘူး။ ကွာရင်တင်းဝင်နေတဲ့လူရှိတယ်။ ကွာရင်တင်းပီးသွားလို့ တရားစွဲတဲ့ လူတွေ ရှိတယ်။ အဲဒါမျိုးတွေပေါ့နော်။ အခုမှ စပြီး လုပ်ရတာဆိုတော့ အရေအတွက်တော့ မသိရသေးဘူး” ဟု ပြောဆိုသည်။

၎င်းတို့၏ အရေအတွက်ကို အတိအကျ မသိရသေးသော်လည်း စုစုပေါင်း ၁ဝဝ ကျော်ခန့်ရှိကြောင်း ဒေသခံများ၏ ခန့်မှန်း ပြောဆိုချက်အရသိရသည်။

ထိုအထဲတွင် ၉ ဦး၌ ကိုရိုနာရောဂါပိုးတွေ့ရှိခဲ့ရပြီး ၇ ဦးကို မောင်တောခရိုင်ဆေးရုံကြီးတွင် ဆေးကုသခဲ့ရပြီး ၂ ဦးကို ဘူးသီးတောင်မြို့နယ်တွင် ကုသမှု ပြုလုပ်ခဲ့သည်။ မောင်တောခရိုင်ဆေးရုံတွင် တက်ရောက် ကုသနေသူ ၇ ဦးထဲမှ ၃ ဦးမှာ ရောဂါသက်သာကောင်းမွန်လာပြီ ဖြစ်သဖြင့် ဆေးရုံက ဆင်းသွားကြပြီဟု သိရသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...