မြေပုံမြို့နယ်မှ မိုင်းပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာရအမျိုးသမီး ခြေထောက်ဖြတ်ရ

မြေပုံမြို့နယ်မှ မိုင်းပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာရအမျိုးသမီး ခြေထောက်ဖြတ်ရ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ညာဖက်ခြေမျက်စိအထက်နားက ပြတ်ထွက်သွားသူ အမျိုးသမီး၏ ခြေထောက်ကို ဇွန်လ ၂၉ ရက် မနက်ပိုင်းက စစ်တွေဆေးရုံတွင် ဒူးဆစ် အောက်နားကနေ ဖြတ်ပစ်ရကြောင်း သတင်းရရှိသည်။

ခြေထောက်ပြတ်သွားသော အမျိုးသမီးမှာ စညင်းကျေးရွာတွင် အိမ်ထောင်ကျနေသော ဦးချမ်းငြိမ်း၏ ဇနီး ကရင်အမျိုးသမီး ဒေါ်နန်းခမ်း (၂ဝ) နှစ် ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့လင်မယားနှစ်ဦးမှာ ဇန်နဝါရီလ ၂၇ ရက် နေ့လယ် ၁ နာရီခန့်က စညင်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ချောင်း၌ ကဏန်းမြှုံးထောင်ရန်သွားခြင်းဖြစ်ပြီး၊ ကဏန်းမြှုံးထောင်ပြီး၍ ၎င်းချောင်းနားက တောင်ပေါ်တွင် ဟင်းခူးနေစဉ် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ယခုကဲ့သို့ ပြတ်သွားခြင်းဖြစ်ကြောင်း သူ့မ၏လင်ဖြစ်သူ ဦးချမ်းငြိမ်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဦးချမ်းငြိမ်းက “ ဘယ်သူတွေထောင်ထားတဲ့ မိုင်းဆိုတာမသိပါဘူး။ အခုကတော့ လူတွေ တော်တော် ဒုက္ခရောက်နေကြပြီ။ ပြည်သူတွေ ငါးရှာ၊ ဟင်းခူးသွားသောနေရာတွေမှာ ပစ်ခတ်မှုတွေမလုပ်ဖို့နဲ့ ပြည်သူတွေကို ပစ်မှတ်မထားဖို့ တောင်းဆိုလိုပါတယ်” ဟု ၎င်းကဆက်ပြောသည်။

၎င်းလူနာမှာ မြေပုံမြို့မှတစ်ဆင့် စစ်တွေဆေးရုံသို့ ဇွန်လ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်က ရောက်ရှိလာပြီး စစ်တွေပြည်သူ့ဆေးရုံကြီး အမျိုးသမီးအရိုးကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသခံလျက်ရှိကြောင်း သိရှိရသည်။

ယင်းမိုင်းပေါက်ကွဲသည့် နေရာအနီးတဝိုက်တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက နှစ်ဘက် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...