တောင်ကုတ်မြို့နယ်တွင် မိုင်းကွဲပြီးနောက် လူ ၄ ဦးသေဆုံး

တောင်ကုတ်မြို့နယ်တွင် မိုင်းကွဲပြီးနောက် လူ ၄ ဦးသေဆုံး

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဇွန် ၂၉ ရက်ညက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် လူလေးဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ အသက် ၂၀ ကျော် ၃၀ ဝန်းကျင်များဖြစ်ကြပြီး သူတို့မှာ တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာအနီး တရဘရွာမှ ပေါက်ပြင်သို့ တစ်မိုင်ခန့်အကွာရှိ ကားလမ်းဘေး၌ ည ၁၁ နာရီ ၄၇ မိနစ်အချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ကျိန်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းထွန်းက ပြောသည်။

ကင်းတောင်အုပ်ချုပ်ရေးမှူး ဦးသောင်းထွန်းက “မနေ့ညက ပေါက်ကွဲသံတစ်ခုကြားတယ်။ အဲဒါနဲ့ ဒီနေ့မနက်က ဒေသခံတွေ သွားကြည့်တဲ့အခါမှာ လူလေးယောက်သေဆုံးနေတာကို တွေ့ရတယ်။ သူတို့က မိုင်းထောင်ဖို့လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး သေသွားတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လက်ထဲမှာ ဝိုင်ယာကြိုးတွေနဲ့ သံတို၊ သံစ အပိုင်းအစတွေကိုတွေ့ရတယ်။ အဲဒါကြောင့် မိုင်းထောင်ဖို့လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားတယ်လို့ ယူဆရတယ်။ အခုသူတို့အလောင်းတွေကို မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ် ” ဟုပြောသည်။

သေဆုံးသွားသူများမှာ အနီးအနားကျေးရွာမှ ဒေသခံများမဟုတ်ကြောင်းနှင့် ဘယ်ကလူတွေမှန်း မသိကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်အား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်စဉ် သေဆုံးသည်မှာမှန်ကန်ကြောင်းပြောကြားပြီး ၎င်းအနေဖြင့် အလုပ်မအားသေးဟုဆိုကာ ဖုန်းချသွားသဖြင့် ရဲတပ်ဖွဲ့၏ စစ်ဆေးချက်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးအား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...