စစ်တွေတွင် ရဲတပ်ကြပ်ကြီးတစ်ဦး အထိုးခံရ၍ သေဆုံး

စစ်တွေတွင် ရဲတပ်ကြပ်ကြီးတစ်ဦး အထိုးခံရ၍ သေဆုံး

မာန်ယုကျော် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်တွင် ဇွန် ၂၈ ရက်ညနေက ရဲတပ်ကြပ်တစ်ဦး အထိုးခံရ၍ သေဆုံးသွားကြောင်း သိရသည်။

အထိုးခံရ၍ သေဆုံးသွားသူမှာ မကျည်းမြိုင်ရပ်ကွက် အကွက်(၃)၊ ကသဲရွာအနီးနေထိုင်သည့် စစ်တွေမြို့မရဲစခန်းတွင် တာဝန်ကျနေသည့် တပ်ကြပ်ကြီး မောင်မောင်သန်း (၄ဝ နှစ်ခန့်)ဖြစ်သည်။

သူသည် ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီခန့်တွင် သူ၏နေအိမ်ရှေ့၌ အထိုးခံရပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

"၈ နာရီ မိနစ် ၄ဝ လောက်မှာ ဆုံးသွားပါပြီ"ဟု သေဆုံးသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါတပ်ကြပ်ကြီးအား အမည်မသိလူနှစ်ဦးက လာရောက်ထိုးသတ်သွားခဲ့ခြင်းဖြစ်ပြီး ဘယ်ဘက်ရင်အုပ်နံရိုးကြားတွင် ထိုးသွင်းဒဏ်ရာ (၈)ချက်ဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

မကျည်းမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်ကလည်း "သူ့အိမ်မှာဖြစ်တာလို့ ကြားတယ်။ သတင်း အတိအကျတော့ မသိသေးဘူး။ ဖြစ်လို့ပြီးတော့ ဘေးနားက လူတွေ ဆေးရုံတင်သွားတယ်လို့ကြားတယ်"ဟု နိရဉ္စရာကို အတည်ပြုပြောသည်။

သေဆုံးသွားသည့်ရဲတပ်ကြပ်ကြီးတွင် ရန်ငြိုးရန်စလည်း မရှိဟု သိရသည်။

ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်ကလည်း ကျောက်တော်မြို့မရဲစခန်းတွင် ပူးတွဲတာဝန်ကျနေသည့် ရဲအုပ်တစ်ဦး ကျောက်တော်မြို့လယ်ခေါင်တွင် အထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...