အမ်းမြို့နယ်တွင် ရက်ပိုင်းအတွင်း စစ်ဘေးရှောင်လူဦးရေ ၂ဆကျော် မြင့်တက်လာ

အမ်းမြို့နယ်တွင် ရက်ပိုင်းအတွင်း စစ်ဘေးရှောင်လူဦးရေ ၂ဆကျော် မြင့်တက်လာ

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၌ဖွင့်လှစ်ထားသည့်  စစ်ဘေးရှောင်စခန်း ၂ ခုတွင် လူဦး ရေ တစ်ထောင်ခန့် ရှိလာပြီး  လက်ရှိ မိုးရာသီကြောင့် စားဝတ်နေရေးနှင့် နေထိုင်ရေးအခက်ခဲများဖြစ်ပေါ်နေကြောင်း အမှတ်(၁)စစ်ဘေးရှောင်စခန်းမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းချို က မဇ္ဈိမသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ဒီမှာရောက်နေတဲ့လူတွေ ပြောတာက နယ်မြေရှင်းလင်းရေးလုပ်မယ်။ နီးစပ်ရာ ရွာတွေမှစုပြီးနေကြပါပြောတယ်။ ဒါးလက် မှာစားနပ်ရိပ်က္ခာပြတ်လတ်တာက ၃လကျော်သွားပါပြီ။ စားနပ်ရိပ်က္ခာကုန်တော့ မြို့ပေါ်ပဲတတ်လာကြတာ။ အမ်းမှာက စစ်ရှောင်စခန်း (၁)  နဲ့ (၂) ရှိတယ်။အဲတုန်းက လူဦးရေ က ၄၀၀ ကျော်လောက်ပဲ ရှိတာ။အခုက ၁၀၀ဝပြည့်တော့မယ်။ ထက်ဝက်ကျော်ကျော်လောက် မြင့်တတ်လာပါတယ်။ ဒီရက်ပိုင်းမှပဲမြင့်တတ်လာတာပါ “ ဟု အမှတ်(၁)စစ်ဘေးရှောင်စခန်းမှာ ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းချို က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နယ်မြေရှင်းလင်း ရေးလုပ်ဆောင်မည်ဖြစ်သည့်အတွက် ကျေးရွာသူ/ကျေးရွာသားများအား ကျေးရွာများမှ ခေတ္ထတိမ်းရှောင်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း  တပ်မတော်၏စစ်ဆေင်ရေးဆောင်ရွက်မည့်အခြေအနေသည် ကျေးရွာ လေးရွာသာရှိပြီး ပထမညွန်ကြားချက်တွင် အုပ်ချုပ်ရေးမှူးမှ ကျေးရွာအများစုအား ပြန်လည်ညွန်ကြားမှုတွင် နားလည်မှုလွဲမှာခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇွန်လ ၂၆ ရက်နေ့တွင်လည်း ၎င်းထုတ်ပြန်ခဲ့သည့် နယ်မြေရှင်းလင်းရေး ညွှန်ကြားစာကို  ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်း သိရသည်။

အဆိုပါ တပ်မတော်မှစစ်ဆင်ရေးလုပ်ဆောင်မည့် ကျေးရွာဘက်သည် လုံခြုံရေးအရ စိုးရိမ်ရသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ပင် သွားလာ၍ မရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက ပြောသည်။

 “ ဒါးလက်အုပ်စုဘက်ကို လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်သွားလို့မရတာ ၁ နှစ် နီးပါးရှိနေပါပြီ ၊ ဒါးလက်ဘက် က လုံခြုံရေးကိုစိုးရိမ်ရတဲ့အခြေအနေရှိတယ်။ အဲဒါကြောင့် ကိုယ်တိုင်တောင်သွားလို့မရတဲ့ အခြေအနေပါ။ အစားသောက်၊ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားတဲ့အတွက် အစားသောက်နဲ့ ပတ်သက်ပြီး စစ်ဘေး ရှောင်ဒေသ နဲ့ ဒါးလက်အထက်ဘက်က ရွာတွေမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခု တော့ရှိတယ် “ ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက  ပြောကြားသည်။

လက်ရှိတွင်လည်း အမ်းမြို့နယ်တွင်ရှိသည့် ပဲပဒုံကယ်ဆယ်ရေးစခန်းကို ရွာပေါင်း ၁၂ ရွာ၊ အိမ်ထောင်စု ၁၁၉ စု တို့ နေရပ်စွန့်ခွာလာ ကြကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇွန် ၂၆ရက် ညပိုင်းကလည်း ဒါးလက်အုပ်စုရှိ နတ်မော်ကျေးရွာအတွင်း လက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ ကျေးရွာသား  နှစ်ဦးသေဆုံးသွားခဲ့ပြီး သုံး ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...