စစ်တွေ ရေချမ်းပြင်မိုင်းပေါက်ကွဲအပြီး ဖမ်းဆီးခံခဲ့ရသည့် အဝေးသင်ကျောင်းသားနှစ်ဦးနှင့်ပညာရေးဝန်ထမ်းတို့ ပြန်လွတ်လာ

စစ်တွေ ရေချမ်းပြင်မိုင်းပေါက်ကွဲအပြီး ဖမ်းဆီးခံခဲ့ရသည့် အဝေးသင်ကျောင်းသားနှစ်ဦးနှင့်ပညာရေးဝန်ထမ်းတို့ ပြန်လွတ်လာ

အိမ်စိုးဖြူ — စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် အဝေးသင် ကျောင်းသာနှစ်ဦးနှင့် ပညာရေး ဝန်ထမ်းတို့သည် ဇွန်လ ၂၈ ရက်နေ့ ည ၆ နာရီက ပြန်လွတ်လာကြောင်း မိသားစုဝင်များမှ သိရသည်။

ဖမ်းဆီးခံရပြီးပြန်လွတ်လာသူသုံးဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အထုပ်သည်ကျေးရွာမှ ပညာရေးဝန်ထမ်း ဖြစ်သူ ကိုကျော်လှိုင်(၂၆)နှစ်နှင့် ရသေ့တောင်မြို့နယ်မှ လောင်းချောင်းကျေးရွာမှ ပထမနှစ်စိတ်ပညာ ကျောင်းသား ကိုဖြိုးလွင်(၂၆)နှစ်နှင့် ကျွန်းပေါ်(ပေါက်တော)ကျေးရွာမှ တတိယနှစ် ပထဝီကျောင်းသား ကိုဇော်သက်ထွန်း (၂၂ )နှစ် တို့ဖြစ်ကြသည်။

အမည်မဖော်လိုသည့် မိသားစုဝင် အမျိုးသမီးတစ်ဦးက “ ပြန်လွတ်လာပါပြီ။ ခံဝန် လက်မှတ်တောင် ထိုးစရာ မလိုဘဲ လွှတ်ပေးလိုက်တာပါ။ သူတို့ကိုစစ်တဲ့အခါ ဘာအမှုမှ မရှိလို့ပါ။ ဒါပေမဲ့ ရိုက်ထား၊ နှက်ထားတာတွေ အပြည့်နဲ့ ပြန်လွတ်လာကြတာပါ။ ဆေးကုသဖို့ စစ်တွေဆေးရုံကိုပို့ထားပါတယ်” ဟုပြောသည်။

ဇွန်လ ၂၇ ရက်နေ့က ၎င်းတို့သုံးဦးသည် ရေချမ်းပြင်လှေဆိပ်သို့ အသွား နေ့လယ် ၁ နာရီခန့်တွင် လမ်းပေါ်တွင် မိုင်းပေါက်ကွဲသဖြင့် ဝပ်နေခဲ့ကြရသည်။

ထိုသို့ ဝပ်နေစဉ် တပ်မတော် စစ်ကြောင်းမှ မသင်္ကာ၍ ဖမ်းဆီးခဲ့ကာ စစ်ဆေး မေးမြန်းခဲ့ကြောင်း၊ စစ်ဆေးရာတွင် ရိုက်နှက်ခံခဲ့ရသဖြင့် ဒဏ်ရာများရရှိခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြန်လည်လွတ်မြောက်လာသူ မောင်ဖြိုးလွင်က ပြောသည်။

မောင်ဖြိုးလွင်က “မိုင်းပေါက်ပြီးလို့ ခဏပဲကြာတယ် စစ်သားတွေက ကျွန်တော်တို့ကို မသင်္ကာဘူး ဆိုပြီး ဖမ်းတော့တာပါပဲ။ ကားပေါ်ကို မျက်နှာမှာ အဝတ်စည်းပြီး၊ ကြိုးတုပ်ပြီးတင်တယ်။ အဲဒီမှာ သေနတ်ဘောင် တွေနဲ့ ထုတယ်။ ခေါင်းတွေကို ဆောင့်ကန်တယ်။ ညနေကျတော့ ရဲစခန်ကို ပို့တယ်။ ကျွန်တော်တို့ဟာ ကျောင်းသားတွေ၊ ဝန်ထမ်းတွေလို့ ပြောရင်လည်း မရဘူး။ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံရတာကို မကျေနပ်ပါဘူး” ဟုပြောသည်။

၎င်းတို့သုံးဦးတွင် မျက်နှာညိုမဲဒဏ်ရာများ၊ ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ စစ်တွေမြို့ ဆေးရုံကြီး၏ အရေးပေါ်ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

အဆိုပါမိုင်းသတင်းနှင့် ပတ်သက်ပြီး တပ်မတော်က သတင်းဖော်ပြရာ ဇွန်လ ၂၇ ရက်နေ့က ရေချမ်းပြင်သွား ကားလမ်းတွင် AA အဖွဲ့မှ မိုင်းထောင်ထားကြောင်းသတင်းရရှိသဖြင့် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကရှာဖွေရာ မိုင်း ၅ လုံးတွေ့ရှိခဲ့ပြီး ယင်းအထဲမှ တစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ အများပြည်သူထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယင်းနေ့ ညနေက သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...