မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ရဲတပ်ဖွဲ့က ကန်ဒေါ်လာ ၈၃၉ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီး

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ရဲတပ်ဖွဲ့က ကန်ဒေါ်လာ ၈၃၉ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီး

(၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမေရိ ကန်ဒေါ်လာ ၈၃၉ သန်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ရက်က မီးရှို့ဖျက်ဆီးများပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ဖမ်းဆီးရမိသည့်များတွင် ဘိန်း ကီလို ၃၀၀၀ ကျော်၊ ဘိန်းဖြူ ကီလို ၁၀၀၀ ကျော်၊ စိတ်ကြွ ဆေးပြား သန်း ၃၀၀ ကျော်၊ အိုက်စ် ကီလို ၁၀၀ ၀၀ ကျော်၊ ဆေးခြောက် ၈၀၉ ကီလိုကျော်နှင့် ကတ်တမင်း ကီလို ၁၄၀၀ ကျော်အပါအဝင် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအမျိုးပေါင်း ၅၀ ပါဝင် ကြောင်း သိရသည်။

 “ စိတ်ကြွဆေးပြားဆိုရင် ရခိုင်ပြည်နယ်ကအများဆုံးပါ။ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရှိသလို နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကနေပြီးတော့ ဖော်ထုတ်ဖမ်းဆီးတဲ့အမှုတွေ အရေအတွက်များပါတယ်။ အမှုအားဖြင့်တော့ နည်းပါတယ်  ” မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝေက ပြောသည်။

မီးရှို့ဖျက်ဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများသည် ရန်ကုန်တိုင်းအပါအဝင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ၊အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့သည့်  မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းအနီးပြုလုပ်ခဲ့သည့် မူးယစ်ဆေး ဝါးမီးရှို့ပွဲအခမ်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က  ကန်ဒေါ်လာ ၁၄၄ သန်းကျော်ကို ဖျက်ဆီးခဲ့သည်။

အလားတူပဲ မန္တလေးတိုင်းတွင် ကန်ဒေါ်လာ သန်း၄၀ ကျော်၊ တောင်ကြီးမှာ ကန်ဒေါ်လာ ၂၃၂ သန်းကျော်၊ လားရှိုးမြို့တွင် ကန်ဒေါ်လာ သန်း ၄၂၀ နဲ့ ကွတ်ခိုင်မြို့နယ်တွင် ကန်ဒေါ်လာ ၂.၃ သန်းဖိုးကိုဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၂၀၂၀ ခုနှစ်၊ဇွန်လ ၊၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် မီရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားများထက် အမြင့်ဆုံးဖြစ်ဖွယ်ရှိသည်။

 “ ယခုနှစ်တွင် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၅၃၈သန်း‌ကျော်အထိ ပိုမိုဖျက်ဆီးနိုင်ခဲ့တာကြောင့်၂၀၂၀ ပြည့်နှစ်ဟာ ၂၀၁၉ ခုနှစ်အထိ သုံးဆခန့်ပိုမိုဖော်ထုတ်ဖမ်းဆီးရမိနိုင်ခဲ့ပါတယ်”ဟု  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်က ပြောသည်။

၂၀၁၈ ခုနှစ်က ကုလအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ကုလသမဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC) ၏ထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှုကျဆင်းလာသော်လည်း ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ဘိန်းဖြူတင်ပို့မှ အမေရိကန်ဒေါ်လာ ၁ ဘီလျှံတန်ဖိုးအထိရရ ဆက်လက်စိုက်ပျိုးထုတ်လုပ်မှု တွေရှိနေဆဲဖြစ်သည်ဟု ဆိုထားသည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...