ဒေါင်းတို့မျိုးဆက်သံချက်အဖွဲ့ကို အခုလိုတရားစွဲတဲ့အပေါ် ရှုတ်ချဟု သံချပ်အဖွဲ့ဝင် ကိုဖိုးသားပြော

ဒေါင်းတို့မျိုးဆက်သံချက်အဖွဲ့ကို အခုလိုတရားစွဲတဲ့အပေါ် ရှုတ်ချဟု သံချပ်အဖွဲ့ဝင် ကိုဖိုးသားပြော

မြို့နယ်ခြောက်မြို့နယ်တွင် တရားစွဲဆိုခံခဲ့ရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့တစ်ဦးဖြစ်သော ကိုဖိုးသားသည် လွတ်ရက်စေ့သည့်အတွက် အင်းစိန် အကျဉ်းထောင်မှ ဇွန်လ ၂၆ ရက်က ပြန်လည်လွတ် မြောက်ခဲ့သည်။

ဗိုလ်တထောင်တရားရုံးနှင့် မရမ်းကုန်းမြို့နယ်များတွင် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက သံချပ်ထိုးသည့် ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည့်အတွက် ယင်းတရားရုံးများမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံထားရပြီးနောက် ယခုကဲ့သို့ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

“ထောင်ထဲမှာတစ်နှစ်နဲ့နှစ်လကျော်ကျော်နေရတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရယ်၊ လျော့ရက်တွေနဲ့ ဒီကနေ့ပြန်လွတ်လာတာပါ။ အခုမျိုးတရားစွဲတာကို ရှုပ်ချတယ်။ ထောင်ထဲမှာ ကျန်နေခဲ့တဲ့ရဲဘော်တွေကို ဆက်ဝန်းရံမယ်။ သံချပ်ကို ဆင်ဆာကင်းလွတ်အောင် ဆက်လုပ်ဆောင်မယ်” ဟု ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့မှ ကိုဖိုးသားက မဇ္ဈိမသို့ပြောသည်။

ကိုဖိုးသားနှင့်အတူ ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် အကျဉ်းကျနေသည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့မှာ ထောင်ဒဏ် ၂နှစ်ခွဲ၊ ၅နှစ်ခွဲ၊ ၆နှစ် အသီးသီးဖြင့် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေသည်။

ကျောင်းသားတက်ကြွလှုပ်ရှားသူများမှ ကူးပြောင်းခဲ့သော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒ ရဲမြို့နယ် တရားရုံး၊ ဖျာပုံမြို့နယ်တရားရုံး၊ မအူပင်မြို့နယ် တရားရုံး၊ ပုသိမ်မြို့နယ် တရားရုံးများတွင် တစ်ပြိုင်တည်း တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...