ရသေ့တောင်မြို့မှ ကျည်ထိမှန်သောမသန်စွမ်းသူ စစ်ဘေးရှောင်အမျိုးသားကို စစ်တွေပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်

ရသေ့တောင်မြို့မှ ကျည်ထိမှန်သောမသန်စွမ်းသူ စစ်ဘေးရှောင်အမျိုးသားကို စစ်တွေပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်

ထွန်းခိုင် — ဇွန်လ ၂၄ ရက်နေ့ ညနေက ရသေ့တောင်မြို့ အနီးပစ်ခတ်မှုအတွင်း ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားသူ ရွှေပါရမီဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းမှ ဆွံအ၊ နားမကြား၊ မျက်မမြင်၊ စစ်ဘေးရှောင်အမျိုးသား ဦးမောင်အေးညွှန့်ကို ရသေ့တောင်မြို့မှ ယူဆောင်လာရာ ဇွန် ၂၅ ရက် မနက်၁ဝ နာရီကျော် အချိန်လောက်က စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သည်။

ဦးမောင်အေးညွှန့် (၅၅ )နှစ်သည်  ညနေ ၄ နာရီကျော်အချိန်ခန့်က ရသေ့တောင်မြို့အနီးတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း ဘယ်ဖက်ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် သူ့အား စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး အမျိုးသား အရိုးကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသခံယူနေကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူ ဦးမောင်အေးညွှန့်၏ မိထွေးဖြစ်သူ ဒေါ်ဦးစိန်ညွှန့်က “ မနေ့က သေနတ်ပစ်သံ တွေကြားတွေ စစ်ဘေးရှောင်းစခန်းက လူတွေကလည်း ကြောက်လန့်ပြီးတော့ ဆောက်တည်ရာမရ ထွက်ပြေး ကြတယ်။ အဖွားကလည်း ကြောက်လန့်ပြီး သူ့လက်မောင်းကိုကိုင်ပြီး အဖွားတို့နေတဲ့ စခန်းပေါ်ကနေ သူ့ကို ဆွဲချတယ်။ အဖွားတစ်ယောက်တည်းဆိုတော့ ဆွဲချလို့ မနိုင်ဘူးလေ။ ဆွဲချလို့မနိုင်တော့ အဖွားကလည်း စခန်းအောက်ကိုဝင်ပြီး ပုန်းနေလိုက်တယ်။ အဲဒီအချိန်မှာ သူ့ရဲ ဘယ်ဖက်ခြောက်ထောက်မှာ ကျည်ထိမှန် သွားတယ်။ သူ့က မျက်လုံးလည်း မမြင်ဘူး။ နားလည်းမကြားဘူး။ စကားလည်းမပြောတတ်ဘူး” ဟု ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားသော နေရာသည် ၎င်းရွှေပါရမီကျောင်းနှင့် ၂ မိုင်ခန့်ကွာဝေးကြောင်း သိရှိရသည်။

၎င်းကျည်ထိသူအား ကိုယ်တိုင်သယ်ယူပို့ဆောင်ပေးခဲ့သူ ရသေ့တောင်မြို့မှ လူမှုကူညီရေးလုပ်ဆောင်နေသူ ကိုဘက္ကာက“ အခုလူနာက ပိုပြီးတော့ သနားဖို့ကောင်းတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ စကားလည်း မပြောတတ်ဘူး။ နားလည်းမကြားဘူး။ မျက်စိလည်း မမြင်ဘူး။ ကျနော့်အထင်ကို ပြောရမယ် ဆိုလို့ရှိရင် သူ့ရဲခြေထောက်က ပြန်ကောင်းမှာ မဟုတ်တော့ဘူး” ဟု ပြောဆိုသည်။

အဆိုပါ ရွှေပါရမီစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၃ဝဝ ကျော်နှင့် လူဦးရေ ၁၇ဝဝ ခန့်ရှိကြောင်း  ရွှေပါရမီ ဆရာတော်က မိန့်ကြားသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...