ကွတ်ခိုင်မြို့တွင် ကျပ်ငွေ ၃ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖျက်ဆီး

ကွတ်ခိုင်မြို့တွင် ကျပ်ငွေ ၃ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာနှင့်ကောင်းခါးကျေးရွာတို့တွင် ဖမ်းဆီးရမိခဲ့သည့် ကျပ်ငွေ ၃ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက  ကွတ်ခိုင်မြို့တွင် ဖျက်ဆီးခဲ့သည်။

၎င်းမူးယစ်ဆေးဝါးများကို တပ်မတော်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးချက်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းအမျိုးပေါင်း  ၄၇မျိုး ၊ ဆက်စပ် ပစ္စည်း ၅၀ မျိုး ၊ စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ် ၃ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးတို့ကို  ဖျက်ဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အလွန်ရှိ ကွင်းပြင်တွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

“မူဆယ်ခရိုင် ကွတ်ခိုင်မြို့ လွယ်ခန့်ကျေးရွာအနီး က ဓာတုပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေ မီးရှို့ဖျက်ဆီးခြင်း အခန်းအနားကို ဒီကနေ့ မနက် ၉ နာရီ မှလုပ်ခဲ့ပါတယ်။ ဓာတု ပစ္စည်းအမျိုးအစား က ၄၇ မျိုး ၊ ဆက်စပ်ပစ္စည်း ၅၀မျိုးရှိပါတယ်။ ၂၆ ရက်နေ့ မှ နေရာ လေးနေရာမှ ထပ်မံ ဖျက်ဆီးသွားဖို့ ရှိပါတယ် “ ဟု ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ လက်ရှိတွင် အမျိုးသား၊ အမျိုးသမီး ၃၃ဦးကို ဖမ်းဆီးထားပြီး ၉၇ ဦးမှာမူ တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့်တရားမဝင်ရောင်းဝင်မှုတိုက်ဖျက်ရေးနေ့တွင် ရန်ကုန်၊ မန္တလေး အပါအဝင်အခြားမြို့ကြီးများတွင် ထပ်မံ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...