ပါတီစည်းရုံးရေးအခက်ကြုံမှာကို ကယန်းအမျိုးသားပါတီစိုးရိမ်

ပါတီစည်းရုံးရေးအခက်ကြုံမှာကို ကယန်းအမျိုးသားပါတီစိုးရိမ်

၂၀၂၀ ရွေကောက်ပွဲတွင် မဲဆန္ဒနယ်  ၁၁ နေရာ ဝင်ရောက် ယဉ်ပြိုင်မည့် ကယန်းအမျိုးသားပါတီသည် ကိုယ်ဗစ် ၁၉ ရောဂါကြောင့် ပါတီစည်းရုံးရေး အခက်အခဲနှင့် ရင်ဆိုင်ရမည်ဟု ဇွန် ၂၂ ရက်နေ့ လွိုင်ကော်မြို့ ကယန်း အမျိုးသားပါတီရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုလိုက်သည်။

“ကိုယ်ဗစ်ကြောင့် မို့လို့ ကျနော်တို့ တော်တော် အခက်အခဲတွေ့တယ်။ လူစုလူဝေး ကိစ္စကတော့ တတ်နိုင်သလောက်ပေါ့နော် ဖြေလျော့ဖို့ မပြောသော်ငြားလည်း သင့်တော်တဲ့အနေအထားမျိုး စီစဉ်ပေးဖို့ လိုတယ်” ဟု ပြောသည်။

သူက ဆက်ပြီးတော့ “ သင့်တော်တဲ့ ခွင့်ပြုချက်မျိုး၊ ဥပမာ ကျနော်တို့ လူစုလူဝေး လုပ်ရင်တောင် အားလုံးကို သုံးပေအကွာ၊ ခြောက် ပေအကွာတို့ ထားတာတွေ၊ မတ်တပ်ရမယ်ဆိုတဲ့ဟာမျိုးတွေ၊ အဲဒီအခြေအနေမျိုး ကိုက်ညီတယ်ဆိုရင် ဒါခွင့်ပြုပေးရမယ်ဟာမျိုး ဖြစ် သင့် လာပြီးပေါ့နော် ဒါကျနော်တို့ ရွေကောက် ပွဲစည်းရုံးရေးက လူထုကို မထိတွေ့ဘဲနဲ့ အစိုးရပဲ လူထုကို ထိတွေ့ခွင့်ရှိတဲ့ ရွေးကောက်ပွဲမျိုး မဖြစ်သင့် ဘူး” ဟု ၎င်းက ရှင်းပြသည်။

ကိုယ်ဗစ်ရောဂါနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက လူစုဝေးခြင်းနှင့် တခြားကန့်သတ်ချက်များကြောင့် ပါတီအတွက် မဲဆွယ် စည်းရုံးခြင်း၊ ကိုယ်စားလှယ်များအား ပြည်သူကို မိတ်ဆက်ပေးခြင်းနှင့် လူထုတွေ့ဆုံပွဲများပြုလုပ်ရာတွင် အခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရခြင်း ဖြစ်သည်။

“ကိုယ်ဗစ်ကြောင့် အစိုးရရဲ့ကန့်သတ်မှုတွေက နောက်ကွယ်မှာ တိုင်းရင်းသားပါတီတွေရဲ့ စည်းရုံးမှုတွေ တနည်းအားဖြင့် ကန့်သတ်တဲ့ အနေအထားမျိုး ဖြစ်သွားတယ်” ဟု ခွန်းဘီထူးက ပြောသည်။  

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကယန်းအမျိုးသား ပါတီကို အသက်အငယ်ဆုံး ၂၈ နှစ် အရွယ်မှ အသက် ၄၀ အရွယ် လူလတ်ပိုင်းများက ဦးဆောင်၍ ကယားပြည်နယ် ဒီးမော့ဆိုနှင့် မယ်စဲ့ မြို့နယ်၊ ရှမ်း ပြည်နယ် ဖယ်ခုံမြို့နယ် ၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် တို့တွင် မဲဆန္ဒနယ် ၁၁ အထိ ဝင်ရောက်ယဉ်ပြိုင်မည် ဖြစ်သည်။

ကယန်းပါတီ ဥက္ကဌ အဆိုအရ ကိုယ်စားလှယ်လောင်း ၁၁ ဦးအထဲတွင် အမျိုးသမီး ၄ ဦးပါဝင်ပြီး အဓိကလက်ရှိ အနိုင်ရထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) နှင့်ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ ( USDP ) တို့ကို ယဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ဒီအပြင် ကယားပြည်နယ်တွင် NLD ပါတီ နှင့် USDP အပါအဝင် တိုင်းရင်းသား စည်းလုံးညီ ညွတ် ရေးပါတီ ( တစည ) ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ၊ အမျိုးသား တိုးတက်ရေးပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ ညီညွတ်သော ဒီမိုဂရက်တစ်ပါတီ ( UDP ) ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ( NDF ) ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့ ရှိကြသည်။

“ကိုယ်စားလှယ်လောင်းတယောက်သည် ဥပဒေပိုင်းနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ အရည်အချင်း ရှိရမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောနိုင်ဆိုနိုင်သူ ဖြစ်ရမယ်။ လူထုအပေါ် နိုင်ငံရေအရ အလုပ်အကျွေး ပြုနိုင်သူ ဖြစ်ရမယ်။ ကယန်း လူမျိုအရေးမှာ ဘက်မလိုက် အစွန်းမရောက်ဘဲ မားမားမတ်မတ်ရပ် တည်ပေးနိုင်တဲ့ လူတွေဖြစ်ဖို့ ကျနော်တို့က ရွေးချယ်ထားတယ်” ဟု ခွန်းဘီထူးက ပြောသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် သန်းခေါင်စာရင်းအရ ကယားပြည်နယ်တွင် လူဦးရေ ( ၂၈၆၆၂၇ ) ဦးသာရှိကြောင်း သိရှိရပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ( UEC) ရဲ့ ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ တည်ဆဲ မှတ်ပုံတင်ထားတဲ့ ပါတီ ၉၇ ပါတီ ရှိကြောင်း သိရ သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...