မော်လမြိုင်မြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လျှောက်ထားနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီဖိတ်ခေါ်

မော်လမြိုင်မြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လျှောက်ထားနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီဖိတ်ခေါ်
သတင်းနှင့် ဓါတ်ပုံ - ပွင့်သစ်မွန်
သတင်းနှင့် ဓါတ်ပုံ - ပွင့်သစ်မွန်

မော်လမြိုင် — ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မွန်ညီညွတ်ရေးပါတီမှ မော်လမြိုင်မြို့နယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဖိတ်ခေါ်ကြောင်း ဇွန်လ ၁၈ ရက်နေ့ ပါတီဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်သော ပါတီရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များရှင်းလင်းပွဲမှ တဆင့် သိရသည်။

အများပြည်သူများ၏ ရှေ့မှောက်တွင် မားမားမတ်မတ်ရပ်တည်ကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် လွှတ်တော်လမ်းကြောင်းဖြင့် အကောင်အထည်ဖော်နိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မွန်ပြည်နယ်တနံတလျားတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများရှာဖွေနေပြီး မော်လမြိုင်မြို့နယ်အတွက်လည်း ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း မြို့နယ်ပါတီဥက္ကဌ နိုင်ချစ်ဆွေက ပြောသည်။

ဆွေးနွေးပွဲတွင် မွန်ညီညွတ်ရေးပါတီ ဗဟိုဒုဥက္ကဌ နိုင်ငွေသိန်းမှ ပါတီတည်ထောင်ရခြင်းနှင့် ပါတီဖြစ်ပေါ်လာပုံ သမိုင်းကို ရှင်းလင်းကာ တွဲဖက်အတွင်းရေးမှူးနိုင်စံတင်က ဗဟို လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းထားပုံနှင့် ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်အဖြစ် (၁၉)ချက်ချမှတ်ထားပြီး အဓိကအားဖြင့် ဒေသခံ(သို့)ဒေသတွင်းနေထိုင်သူ(သို့)ဇာတိမွေးရပ်မြေမှ ပါတီဝင်ဖြစ်ရမည်ဖြစ်ခြင်း၊ ဘာသာရေး လူမျိုးရေး အစွန်းရောက်လွန်းသူ မဖြစ်စေရဖြစ်ခြင်း၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အားကောင်းခြင်း၊ သက်ဆိုင်ရာ ဒေသခံများ၏ လိုလားနှစ်ခြိုက်သူဖြစ်ခြင်းများဖြစ်ကြောင်းသိရသည်။

မော်လမြိုင်မြို့နယ်တွင် ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပါတီဗဟိုဌာနချုပ်ရုံးတွင် အဆိုပြုလွှာများ လာရောက်ရယူနိုင်ပြီး ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထား၍ သတ်မှတ်လျှောက်လွှာပုံစံဖြင့် အဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။

ယင်းမှ တဆင့် မြို့နယ်မှ ရွေးချယ်ထားသူများကို ပါတီဗဟိုဌာနချုပ်သို့ ဂျူလိုင်လ (၁၅)ရက်နေ့တွင် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် မြို့နယ်များတွင် ရွေးကောက်ပွဲအောင်နိုင်ရေးမဟာဗျူဟာများ ရှင်းလင်းခြင်းနှင့်အတူ မြို့နယ်ကိုယ်စားလှယ်လောင်းရွေးချယ်ရွေးအဖွဲ့ကို ဖွဲ့စည်းရေးဆောင်ရွက်နေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မြို့နယ်အသီးသီး၌ ကိုယ်စားလှယ်လောင်းများရွေးချယ်လျက်ရှိကြောင်းနှင့် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကလည်း လွန်ခဲ့သည့် ၃ လကတည်းကပင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားပြီးဖြစ်သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...