ဘုန်းကြီးကျောင်းဝန်း အတွင်း ကျပ်သိန်း သုံးထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဘုန်းကြီးကျောင်းဝန်း အတွင်း ကျပ်သိန်း သုံးထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ချမ်းမြသာယာရပ်ကွက်ရှိ မဟာဝိဇိတာရာမကျောင်းတိုက် ၊ နယ်ဦးကျောင်းဝန်းအတွင်းတွင် ရပ်နားထားသည့် Hijet အမျိုးအစားမော်တော်ယာဉ်၏ နောက်ခန်းအတွင်း မှ ဘိန်းဖြူ ၁၁ကီလို (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း နှစ်ထောင်ကျော်) ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းမော်တော်ယာဉ်နှင့်အတူ ဝင်းဗိုလ်နှင့်ခွန်ဌေးတို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇွန်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသူအမျိုးသားနှစ်ဦးကို စစ်ဆေးမေးမြန်းချက်အရ ယင်းမူးယစ်ဆေးဝါးများမှာ အောင်မြေသာစံမြို့နယ် ၊ပြည်ကြီးရန်လုံရပ်ကွက်ရှိ စိုးပေနှင့်ညီများကားဝပ်ရှော့မှ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ချက်အရ ဝပ်ရှော့ပိုင်ရှင်ဖြစ်သူ စိုးကျော်သူကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများသည် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်နေ ကျော်ဝေသက်၏ ပစ္စည်းများဖြစ်ကြောင်းသိရှိရသဖြင့် ၎င်း၏နေအိမ်သို့သွားရောက်ရှာဖွေရာ ထွက်ပြေးတိမ်းရှောင် သွားကြောင်းသိရသည်။ ထွက်ပြေးသွားသူသည် မူးယစ်ဆေးဝါးဆာလာအိတ် လေးအိတ်ကို ၎င်း၏အစ်ကို ဝမ်းကွဲတော်စပ်သူ မျိုးသိန်း၏ နေအိမ်သို့ရွှေ့ပြောင်းထားကြောင်းသိရှိရသဖြင့် သွားရောက်ရှာဖွေရာ မျိုးသိန်းကို နေအိမ်၌ဖမ်းဆီးရမိခဲ့သည်။

ထပ်မံစစ်ဆေးချက်အရ ၎င်း၏တပည့်ဖြစ်သူဦးအောင်မင်းက  ဦးထွန်းဝေဝပ်ရှော့သို့ပို့ဆောင်ထားကြောင်း သိရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ Mark II ယာဉ်ပေါ်တွင် ဆာလာအိတ်လေးအိတ်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၇၇၀ (၇ဒသမ ၇ ကီလို) ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၅၀၀ ကျော်ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ဖမ်းဆီးရမိသူများအား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Most read this week

September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...