ကိုရိုနာကူးစက်ခံထားရသည့် တတိယမြောက်လူနာတစ်ဦး ဘူးသီးတောင်တွင် ထပ်မံတွေ့ရှိ

ကိုရိုနာကူးစက်ခံထားရသည့် တတိယမြောက်လူနာတစ်ဦး ဘူးသီးတောင်တွင် ထပ်မံတွေ့ရှိ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသည့် တတိယမြောက် လူနာတစ်ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇွန်လ ၁၈ ရက် နံနက် ၈ နာရီက ထုတ်ပြန်သော သတင်း၌ ဖော်ပြထားသည်။

၎င်းတွေ့ရှိသူမှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လူနာအမှတ် (၂၆၃) ဖြစ်ကြောင်း၊ ပြည်ပသို့ သွားလာသော ခရီးသွားရာဇဝင်မရှိသော်လည်း COVID 19 အတည်ပြုလူနာ အမှတ် (၂၆၂) နှင့် ထိတွေ့မှုရှိကြောင်း ဖော်ပြထားသည်။

၎င်းလူနာမှာ ဘူးသီးတောင်မှ ဆိုသော်လည်း လောလောဆယ်မှာ မောင်တောမြို့နယ်မြောက်ပိုင်း လှဖိုးခေါင် ပြန်လည် လက်ခံရေးကြားစခန်းတွင် ရောက်ရှိနေကြောင်း ဘူးသီးတောင်မြို့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ဘူးသီးတောင်မြို့နယ်မှာ ဇွန်လ ၁၅ ရက်နေ့က တွေ့ရှိခဲ့တဲ့ ဒုတိယလူနာနဲ့ အတူနေ မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ ဒုတိယ လူနာက ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်ဆေးကုရန် သွားခဲ့ပြီး ပြန်ဝင်လာသူ အသက် ၆၃ နှစ်အရွယ် မူဆလင်အမျိုးသားဖြစ်တယ်။ အခု သူတို့က အခု လှဖိုးခေါင် ပြန်လည် လက်ခံရေး ကြားစခန်းမှာ ရောက်နေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ယနေ့ ပိုးတွေ့ရှိသူ လူနာ (၂၆၃) အား လှဖိုးခေါင်ကြားစခန်းမှ မောင်တောဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာစောမင်းသိန်းက ဆက်လက် ပြောသည်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “အဲဒီ ဘူးသီးတောင်မှာ တွေ့တဲ့ ဒုတိယလူနာ အမှတ် ၂၆၂ ကို ပိုးတွေ့ခဲ့ကတည်းက သူ့ရဲ့မိသားစုဝင် ၅ ဦးစလုံးကို သံသယလူနာအနေနဲ့ လှဖိုးခေါင် စောင့်ကြည့်ရေးစခန်းကို ပို့ထားခဲ့တယ်။ အခု အဲဒီမိသားစုထဲက သူ့မှာ ဒီနေ့ ထပ်တွေ့တာ။ တခြား သံသယ လူနာအဖြစ်ထားတဲ့ သူရဲ့ မိသားစုဝင် တွေမှာတော့ ရောဂါပိုး မတွေ့ရှိဘူးလို့ သိရပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသည့် ၂၆ နှစ်အရွယ် မူဆလင်အမျိုးသားတစ်ဦးတွင် ဇွန်လ ၁၁ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ဘင်္ဂလာဒေ့ရှ်မှ ဆေးကုပြီး ပြန်လာသူ အသက် ၆၃ နှစ်အရွယ် မူဆလင်အမျိုးသား တစ်ဦးတွင် ဇွန်လ ၁၅ ရက်နေ့က ထပ်မံ တွေ့ရှိခဲ့ကာ ယနေ့တွင် အမျိုးသမီး တစ်ဦး၌ ထပ်မံ တွေ့ရှိရသဖြင့် လက်ချိန် အချိန်တွင် ဘူးသီးတောင်မြို့နယ်တွင် ကိုရိုနာ ရောဂါပိုးတွေ့ရှိသူ သုံးဦးရှိသွားပြီဟု သိရသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ ရောဂါရှိတယ်လို့ သံသယရှိတဲ့ သူတွေ အနေနဲ့ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပြီး စစ်ဆေးမှုခံယူဖို့ အရေးကြီးတယ်။ အခု တတိယမြောက်လူနာဟာ ဒုတိယမြောက်လူနာရဲ့ သမီးဖြစ်တယ်။ အဲဒီ ဒုတိယမြောက်လူနာဟာလည်း ကျန်းမာရေးဌာနက သိသိချင်း သူ့ကို သံသယအဖြစ်ထားမလို့ လုပ်တာကို ပုန်းရှောင်နေခဲ့လို့ အခုလို သူ့သမီးဆီမှာ ကူးစက်ခံရတာဖြစ်တယ်။ တရားမဝင် ဝင်ရောက်လာတဲ့ သူတွေကို လက်ခံထားတဲ့ လူတွေကို ချက်ချင်းဖော်ထုတ်ပြီး အရေးယူသင့်တယ်လို့ မြင်တယ်။ သူတို့နဲ့ အတူ ပူးတွဲဆက်ဆံကြတဲ့ တခြား ဒေသခံ တိုင်းရင်းသားတွေ အတွက်လည်း အရမ်းစိုးရိမ်ရတဲ့ အခြေနေမှာရှိတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၁၈ ရက်နေ့အထိ ဘူးသီးတောင်မြို့နယ်တွင် သုံးဦး၊ မောင်တော မြို့နယ်တွင် လေးဦး၊ တောင်ကုတ်မြို့နယ်တွင် တစ်ဦးနှင့် သံတွဲမြို့နယ်တွင် တစ်ဦးတို့ စုစုပေါင်း ၉ ဦးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိထားပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၁၈ ရက်နံနက် ၈ နာရီထိ ပိုးတွေ့ရှိသူ ၂၆၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ပိုးတွေ့၍ ပြန်လည်သက်သာလာသူ ၁၈၅ ဦး၊ စောင့်ကြည့်လူနာ ၅၅၈၇ ဦးနှင့် ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်း ၅၅၄၁၃ ဦးရှိကြောင်း သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...