ကျောက်ဖြူတွင် ရပ်/ကျေးစာရေးတစ်ဦး အသတ်ခံရ

ကျောက်ဖြူတွင် ရပ်/ကျေးစာရေးတစ်ဦး အသတ်ခံရ

အောင်ကောင်းဇော် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဖြစ်သည့် ကျေးရွာအုပ်စုစာရေးတစ်ဦး အသတ်ခံရကြောင်း ၎င်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူမှာ ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာ၏ ရပ်/ကျေးစာရေး ဦးစိုးမင်းထွန်းဆိုသူဖြစ်သည်။

ဦးခေါင်းကွဲဒဏ်ရာနှစ်ချက်၊ ဝမ်းဗိုက်တွင်ညိုမဲဒဏ်ရာနှင့် လက်တွင် ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးစိုးမင်းထွန်း၏ အလောင်းကို ဇွန်လ ၁၇ ရက်နေ့က ကျောက်ဖြူမြို့နယ် တောင်ရင်းရပ်ကွက်ရှိ လေယာဉ်ကွင်း အနီး ရေမြောင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဇောက DMG သို့ ပြောသည်။

“သူ့ကို ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီလောက်မှာ အိမ်မှာမိသားစုနဲ့ အတူအိပ်နေတုန်း မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စုက အတင်းအဓ္ဓမ လာခေါ်သွားကြတယ်လို့ မိသားစုဆီကသိရတယ်”ဟု ၎င်းကဆိုသည်။

ယခုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က အခြားဝန်ထမ်းများကိုလည်း သတိဝိရိယဖြင့်နေကြရန် အသိပေးထားသည်ဟု ပြောသည်။

“ဘယ်သူတွေ လုပ်တယ်ဆိုတာကိုတော့ ကျနော်တို့မသိသေးဘူး။ ရဲစခန်းကစုံစမ်းနေတယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

လက်ရှိမှာ ရပ်/ကျေးစာရေး ဦးစိုးမင်းထွန်းအသတ်ခံရမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူဒေါ်မငွေသန်းမှ ကျောက်ဖြူ မြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ ဖြင့် အမှုဖွင့်ထားကြောင်း ရဲစခန်းမှသိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ကျောက်ဖြူမြို့နယ်ရဲစခန်းမှူးက ပြောသည်။

တပ်မတော်က ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စုမှ စာရေးဖြစ်သူအား AA မှ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ တပ်မတော်၏စွပ်စွဲချက်အပေါ် ရက္ခိုင့်တပ်တော်(AA)မှ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာတုန့်ပြန်ထားခြင်းမရှိသေးပေ။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...