မောင်တောနယ်စပ်သို့ တရားမဝင် လူပို့ဆောင်နေကြသော ပွဲစားများကို အရေးယူရန် ဖော်ထုတ်နေ

မောင်တောနယ်စပ်သို့ တရားမဝင် လူပို့ဆောင်နေကြသော ပွဲစားများကို အရေးယူရန် ဖော်ထုတ်နေ

ကျော်မျိုးအောင် — တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောဒေသသို့ တရားမဝင် လူပို့ဆောင်ပေးနေကြသည့် ပွဲစားများကို အရေးယူနိုင်ရန်အတွက် စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

လက်ရှိတွင် တရားမဝင် ပို့ဆောင်ပေးနေသူဟု သံသယရှိသူ ကူးတို့လှေသမားတစ်ဦးကိုလည်း အမှုဖွင့်လှစ်ရန် ဆောင်ရွက်နေပြီး တရားမဝင် ဝင်ရောက်လာခဲ့ကြသော လမ်းကြောင်းများကိုလည်း စိစစ်နေကြောင်း ၎င်းထံမှ သိရသည်။

“လတ်တလောမှာတော့ သရက်အုပ်ကျေးရွာအုပ်စု မင်္ဂလာကြီးကျေးရွာက ကူးတို့လှေသမားတစ်ဦးကို လူကုန် ကူးနဲ့ ဖွင့်ဖို့လုပ်နေတယ်။ လူကိုတော့ ဖမ်းမမိသေးဘူး။ ဖမ်းဆီးနိုင်ဖို့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို အချက် အလက်တွေ ပေးထားတယ်” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ရှင်းပြသည်။

မောင်တော‌ဒေသ၏ အခြေအနေသည် အုပ်ချုပ်ရေးပိုင်းနှင့် လုံခြုံရေးပိုင်းတွင် သီးခြားဖြစ်နေကြောင်း တစ်ဘက် နိုင်ငံမှ ဝင်ရောက်လာသူများမှာလည်း အဆက်အသွယ်များနှင့် အဆင်ပြေသလိုချိတ်ဆက်ကာ တရားမဝင် ဝင်ရောက်နေကြကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ဆိုသည်။

“သိရတာကတော့ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာတဲ့အခါမှာ သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်တွေကို စာရင်းပို့ပြီးတော့မှ ဝင်လာကြတယ်။ တချို့ကလည်း စားရင်းပေးလို့ရှိရင် ငွေကြေးကုန်ကျတာတွေ ရှိတဲ့အတွက် မတတ်နိုင်သူတွေက ရတဲ့နည်းနဲ့ ဝင်လာတာတွေ ရှိနေတယ်” ဟု ၎င်းကပြောသည်။

ကိုဗစ်ကာလအတွင်း တစ်ဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုကို အစိုးရက ပိတ်ပင်ထားသော်လည်း တရားမဝင် ဝင်ရောက်လာသူ ၈၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ဇွန်လ ၁၈ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၉ ဦးအထိ ရှိလာပြီဖြစ်သည်။

ထိုအထဲတွင် တောင်ကုတ် ၁ ဦး၊ သံတွဲ ၁ ဦးအပြင် တစ်ဘက်နိုင်ငံမှ တရားမဝင် ဝင်ရောက်သူများထဲမှ မောင်တောမြို့နယ်တွင် ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ၃ ဦးဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...