ရခိုင်က စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် ရေဘေးဒဏ်ခံနေရ

ရခိုင်က စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် ရေဘေးဒဏ်ခံနေရ

အောင်ထိန် — ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများလာသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် ရေးများ ပြည့်လျှံကာ ဒုက္ခသည်များ ရေဘေးဒဏ်ကိုခံနေကြရသည်။

လူဦးရေ ၄၀၀ ကျော်ခိုလှုံနေသည့် မြေပုံမြို့နယ်၊ ရက်ချောင်းစစ်ဘေးရှောင်စခန်းတွင် တောင်ကျရေနှင့် ရက်ချောင်းမြစ်မှ ဒီရေတက်လာသဖြင့် ဒုက္ခသည်တဲအိမ်များ နစ်မြုပ်နေရကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

“ရေက ပြန်မကျသေးတဲ့အတွက် ပြန်နေဖို့ အဆင်မပြေသေးဘူး။ အခုက ဘုန်းကြီးကျောင်းအောက်မှာနေရတာ ဆိုတော့ စိုစွတ်နေတယ်။ ချက်ပြုတ်စားသောက်ရတာလည်း အဆင်မပြေဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေလည်းရှိတော့ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်”ဟု မြတန်ဆောင်း ဆရာတော်က မိန့်သည်။

မြေပုံမြို့နယ် ရွာသာယာ၊ ဒင်္ဂါးရ၊ မီးကျောင်းတက်ကျေးရွာများမှ ဒေသခံများမှာ ရက်ချောင်းစစ်ဘေးရှောင် စခန်းသို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်ထွက်ပြေးလာကြခြင်းဖြစ်ကာ ၎င်းစခန်းတွင် စစ်ဘေးရှောင်တဲအိမ် ၁၁၅ လုံးရှိကြောင်း သိရသည်။

အလားတူ စစ်ဘေးရှောင်တဲအိမ်ပေါင်း ၂၈၀ ခန့်ရှိသည့် မြောက်ဦးမြို့နယ်၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်း တွင်လည်း တဲအိမ် ၁၅၀ ခန့်မှာ ရေ ၃ ပေခန့်အထိ မြင့်တက်လာနေသဖြင့် ဒုက္ခသည်များနေထိုင်ရေး အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“တဲအိမ်တွေကတော့ မမြုပ်သေးဘူး။ မြုပ်ဖို့ နည်းနည်းလည်းပဲ လိုတော့တယ်။ မိုးဆိုးဆိုးရွားရွား ရွာရင်တော့ အခက်အခဲဖြစ်မယ်” ဟု မြတန်ဆောင်းစစ်ရှောင်စခန်းတွင်နေထိုင်သည့် ဦးမောင်အေးကျော်က ပြောသည်။

စစ်ဘေးရှောင်စခန်းများ ရေဘေးဒဏ်မှလွတ်မြောက်ရန်အတွက် ကုန်းမြင့်များပေါ်တွင် တဲအိမ်များ ဆောက်လုပ်ရန် လိုအပ်နေပြီး မိုးရာသီကာလ၌ ချက်ပြုစားသောက်ရေး၊ ကျန်းမာရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံလာရမည်ကို စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး မိုးများကာ ရေကြီးရေလျှံမှုများလည်းဖြစ်ပေါ်လေ့ရှိသည်။ ၂၀၁၉ ခုနှစ်က ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ရေဘေးသင့်သူ တစ်သိန်းငါးသောင်းကျော်ရှိခဲ့သည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...