အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့တို့တွေ့ဆုံဆွေးနွေးမည့်ကိစ္စ ကပ်ရောဂါကြောင့်အခက်အခဲဖြစ်နေ

အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့တို့တွေ့ဆုံဆွေးနွေးမည့်ကိစ္စ ကပ်ရောဂါကြောင့်အခက်အခဲဖြစ်နေ
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက မြောက်ပိုင်းမဟာမိတ်နှင့် NRPC တို့ ကျိုင်းတုံမြို့၌ တွေ့ဆုံကြစဉ်။
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက မြောက်ပိုင်းမဟာမိတ်နှင့် NRPC တို့ ကျိုင်းတုံမြို့၌ တွေ့ဆုံကြစဉ်။

မင်းထွန်း — COVID-ရောဂါကြောင့် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့တို့ကြား ပဏာမအပစ်ရပ်စာချုပ်(Bilateral) ကိစ္စကိုဆွေးနွေးရန် အခက်အခဲဖြစ်နေဆဲဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ကြားတွင်ကြားခံဆက်သွယ်ပေးသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ သိရသည်။

မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တို့ကြား အပစ်ရပ်စာချုပ်(Bilateral)ဆွေးနွေးရန် နိုင်ငံတော်သမ္မရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၅ ရက် နေ့တွင် ကမ်းလှမ်းခဲ့သည်။

“တွေ့ဆုံဆွေးနွေးဖို့ဆိုတာကလည်း အခုအချိန်မှာ ဒီ(Covid-19)ရောဂါကြောင့် သွားရေးလာရေးအတွက်က အားလုံးကခက်ခဲတယ်။ တရုတ်ကိုလည်း ခွင့်တောင်းရဦးမယ်ဆိုတော့ ရောက်တဲ့နေရာမှာ (Quarantine) ပြန်ဝင်ရမယ်။ အဲလိုမျိုး အခက်အခဲတွေရှိတဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့ လောလောဆယ်ကတော့ မဖြစ်နိုင်သေးဘူး” ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ထို့အပြင် အစိုးရဖက်က လူချင်းတွေ့ဆုံမဆွေးနွေးနိုင်လျှင် Online မှတစ်ဆင့် Video Conferencing ပြုလုပ်ပြီး ဆွေးနွေးကြရန် ပြောဆိုထားသော်လည်း မြောက်ပိုင်း(၄)ဖွဲ့မှာ တစ်နေရာတည်းတွင် ရှိနေခြင်းမဟုတ်၍ ခက်ခဲနိုင်ကြောင်း ၎င်းကဆိုသည်။

“တစ်ခုစိုးရိမ်တာက လူကိုယ်တိုင်တွေ့ရင်တောင်မှ နည်းနည်းပြောကြဆိုကြတဲ့ဥစ္စာ အငြင်းအခုန်ဖြစ်တယ်။ အဲဒီတော့ Online ကနေ တွေ့မယ်ဆိုရင် ပြောဆိုတဲ့နေရာတွေမှာ မောက်မာ ၊ ကြမ်းကြမ်းတမ်းတမ်းလေးတွေ ပေါ်လာလို့ရှိရင် ရှေ့ဆက်သွားရမယ့်ဟာတွေ လမ်းပိတ်သွားမှာ” ဟု ဦးလမိုင်ဂွမ်ဂျာက ဆက်၍ပြောသည်။

ယင်းကြောင့် Online မှနေ၍တွေ့ဆုံဆွေး‌နွေးရန် အဆင်မပြေနိုင်ကြောင်း မြောက်ပိုင်းအဖွဲ့များက အကြောင်း ပြန်ကြကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖြစ်အစိုးရက ကြေငြာထားသော်လည်း ပဏာမအပစ်ရပ်စာချုပ်(Bilateral)ဆွေးနွေးရန် ကမ်းလှမ်းထားသည်။

၂၀၁၉ ခုနှစ်ကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သော်လည်း ခိုင်မာသည့် အပစ်ရပ် သဘောတူညီချက် တစ်စုံတရာရရှိမှု မရှိခဲ့ခြင်းဖြစ်သည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...