စစ်ဘေးရှောင်များကို Green Network–Sittwe အဖွဲ့မှ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထား

စစ်ဘေးရှောင်များကို Green Network–Sittwe အဖွဲ့မှ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထား
Green Network - Sittwe
Green Network - Sittwe

မြတ်ဆွေ — ရခိုင်ပြည်နယ် ၊ စစ်တွေအခြေစိုက် Green Network–Sittwe အရပ်ဖက်အဖွဲ့အစည်းမှ စစ်ဘေးရှောင်၂၀ ဦးကို အလုပ်အကိုင် ပေးအပ်ထားကြောင်း သိရသည်။

စစ်တွေမြို့ရှိ ဥဿလင်းကျောင်း၊ ဗုဒ္ဓေါမော်ကျောင်း၊ ဒက္ခောင်းကျောင်းနှင့် ဘုရားများသိမ်ကျောင်း စသည့် စစ်ဘေးရှောင်စခန်းများမှ အမျိုးသား၊ အမျိုးသမီး(၅)ဦးကျစီ စုစုပေါင်း ၂၀ ဦးကို အလုပ်ခန့်ထားခြင်း ဖြစ်ကြောင်း Green Network–Sittwe အရက်ဖက်အဖွဲ့အစည်းမှ ကြီးကြပ်ရေးမှူး ကိုထူးထူးကပြောသည်။

ယင်းစစ်ဘေးရှောင်များအား ကိုဗစ်ကာလတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လူထူထပ်သောနေရာများတွင် ထိရောက်စွာဆေးဖြန်းမည့်အလုပ်ကို ပေးအပ်ထားခြင်းဖြစ်သည်။

“မိုးတွင်းကာလမှာ စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခရောက်နေကြတဲ့သူတွေအတွက် ဝင်ငွေအထောက်အပံ့ ရအောင်အနေနဲ့ စစ်ဘေးရှောင်စခန်းက လူတွေကိုခေါ်လိုက်ရတာဖြစ်တယ်” ဟု ကိုထူးထူးကဆိုသည်။

ယင်းစစ်ဘေးရှောင်များအား ဇွန် ၁ ရက်မှစ၍ ၆ ရက်နေ့အထိ ဆေးဖြန်းရန်အတွက်သင်တန်းပေးပြီး ဇွန်လကုန် အထိအလုပ်ပေးထားခြင်းဖြစ်ကာ တစ်ရက်လျှင်အလုပ်ချိန် ၃ နာရီသတ်မှတ်ထားပြီး တစ်ဦးလျှင် ငွေကျပ် ၇ ထောင်ပေးဆောင်ကြောင်း ကိုထူးထူးကပြောသည်။

စစ်ဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ဆားများသာရရှိပြီး ကျန်းမာရေးနှင့်အခြားကဏ္ဍများအတွက် လိုအပ်ချက်များရှိနေကြသည်။

“ကျန်မာရေးကိစ္စအတွက် လိုအပ်တဲ့ဆေးဝါးတွေဝယ်ယူဖို့၊ ဟင်းသီးဟင်းရွက်၊ သားငါးတွေ၊ လိုအပ်တဲ့ ပစ္စည်းများကိုဝယ်ဖို့အတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရတဲ့အတွက် ကျေနပ်တယ်” ဟု ဥဿလင်းကျောင်း စစ်ဘေးရှောင်စခန်းမှ ဦးရွှေကျော်ဝင်းကပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းငါးသောင်းခြောက်ထောင်ကျော်ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ ဇွန်လ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ စစ်ဘေးတိမ်းရှောင်နေရသူများမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိသဖြင့် ဝင်ငွေမရှိဘဲ ဖြစ်နေကြသည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...