တောင်သူလယ်သမားများကို Covid-19ကုစားရေးအထူးချေးငွေဖြင့် တစ်ဧက ကျပ်ငါးသောင်းကို ထပ်မံချေးပေး

တောင်သူလယ်သမားများကို Covid-19ကုစားရေးအထူးချေးငွေဖြင့် တစ်ဧက ကျပ်ငါးသောင်းကို ထပ်မံချေးပေး

Covid-19 ဂယက်ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍထိခိုက်မှုများအတွက် ရည်ရွယ်ပြီး စိုက်ပျိုးရေးချေးငွေကို တစ်ဧက ကျပ်ငါးသောင်းထပ်မံချေးခွင့်ပြုခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးညှင်းဘဏ်ခွဲမှ သိရသည်။

ထိုညွှန်ကြားမှုသည် ယနေ့ ဇွန်လ (၁၆)ရက်နေ့ ရက်စွဲဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

“တကယ်လို့ ချေးတဲ့နေရာမှာ အဓိက ကလယ်သမားရဲ့ ချေးယူလိုတဲ့ ဆန္ဒရှိမှ ချေးရမှာ။ လတ်တလော လာပြီးတော့ ငွေချေးတာတို့ ငွေဆပ်တာတို့ လာတဲ့အခါ မေးကြည့်တော့ တစ်ချို့ကတော့မလိုချင်ကြဘူး တစ်ချို့ကျတော့ ယူချင်တာတယ်ပေါ့။ ” ဟု ဦးအောင်စိုးဦးကပြောသည်။

အဆိုပါချေးငွေသည် လက်ရှိ မိုးစပါးစိုက်ပျိုးချေးငွေထုတ်ချေးပေးနေသည့် လယ်ဧက (၇၁၅၀၀ ဧက)သာ အကြုံးဝင်ပြီး ချေးငွေထုတ်ယူလိုသူများအား စစ်တမ်းကောက် လက်မှတ်ထိုးကာ စာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။

ချေးငွေအတိုးနှုန်းများမှာလည်း မိုးစပါး စိုက်ပျိုးချေးငွေအတိုင်း ၅ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးပေးမည်ဟု ၎င်းက ဆက်ပြောသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...