လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်တွေမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှု လိုအပ်နေဆဲ

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်တွေမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှု လိုအပ်နေဆဲ

အန်ထော်နီ - ကယား(ကရင်နီ) ပြည်နယ်အတွင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကလိုအပ်ချက်တွေရှိသေးတယ်လို့ မော်ချီးဒေသ ပပွာကလူ လူမှု ဖွံ့ဖြိုးရေးအသင်းက ဒေါ်မာကရက်စိန်က ပြောပါတယ်။

“ကျေးလက်ဒေသမှာဆိုရင်တော လမ်းပန်းဆက်သွယ်ရေးအခက်အခဲဆေတွေရှိမယ်။ နောက်ပြီးတော့ ဝန်ထမ်းအင်အားတွေရှိနေပေမယ့် ဝန်းထမ်းသွားရမယ့် ခရီးမှာလှုံခြုံရေးတွေလိုအပ်တယ်။ အဲ့တာကြောင့်မို့အမျိုးသမီးကိုယ်ဝန်ဆောင်တွေမှာဆိုရင် ကာကွယ်ဆေး ပြည့်ပြည့်ဝဝ ထိုးပေးနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိနေတယ်လို့ကျမမြင်တယ်ပေါနော။” လို့ မော်ချီးဒေသ ပပွာကလူ လူမှုဖွံဖြိုးရေးအသင်း က ဒေါ်မာကရက်စိန်ကပြောပါတယ်။

ကျေးလက်နေ လူဦးရေ ၇၅ ရာခိုင်နှုန်းရှိတဲ့ ကယားပြည်နယ်မှာ အစိုးရဆီက ကျန်းမာရေးဝန်ဆောင်မှုကို ကျေးလက်ဒေသတွေမှာ အပြည့်အဝမရှိဘူးလို့ ဒေါ်မာကရက်စိန်ကပြောပါတယ်။

အစိုးရဖက်ကတော့ လာမယ့် ၂၀၃၀ မှာ ပြီးပြည့်စုံတဲ့ ကျန်းမာရေး စောင့်လျောက်မှု ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိင်ငံဆရာဝန်အသင်း ကယားပြည်နယ် တွဲဖက်အတွင်းရေးမှုး/ အထွေထွေရောဂါကုဆရာဝန် ဒေါင်တာ ပြည့်ဖြိုးကျော် ကပြောပါတယ်။

“ ဒီ ၂၀၂၁ ခုနှစ်မှာတော့ အခြေခံကျန်းမာရေးစောက်ရှောက်မှုစနစ်ကို လူတိုင်းရရမယ်လို့ပစ်မှတ်ထားတယ်ပေါနော်။ ၂၀၂၆ ရောက်ရင်တော့ အခြေခံထက်ပိုတဲ့ ကျန်းမာရေးစောက်ရှောက်မှုကိုရရမယ်ပေါနော်။ အဲ့တာက အလယ်လတ်အဆင့်လို့ပြောလို့ရတယ်ပေါ့နော်။ ၂၀၃၀ ရေက်ရင်တော့ ပြီးပြည့်စုံတဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ပေးနိုင်ရမယ်ပေါနော်။ အဲ့လိုတစ်ဆင့်ချင်းသွားနေတာကိုတော့ ကျနော်တို့တွေ့ရတယ်ပေါနော်” လို့ မြန်မာနိင်ငံဆရာဝန်အသင်း ကယားပြည်နယ် တွဲဖက်အတွင်းရေးမှုး/ အထွေထွေရောဂါကုဆရာဝန် ဒေါင်တာ ပြည့်ဖြိုးကျော် ကပြောပါတယ်။

၂၀၁၄ သန်ခေါင်စရင်းအရ ကယား(ကရင်နီ) ပြည်နယ်မှာ လူဦးရေ နှစ်သိန်းရှစ်သောင်းကျော်ရှိတဲ့အထဲက တဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ဦးရေဟာ ၇၂၀၀၀ ရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။

September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...