စစ်တွေဘဏ်မှ ငွေလုယက်မှုတွင် သံသယဖြင့် ဖမ်းဆီးထားသူတစ်ဦးကို ချုပ်ရမန်ယူစစ်ဆေးနေ

စစ်တွေဘဏ်မှ ငွေလုယက်မှုတွင် သံသယဖြင့် ဖမ်းဆီးထားသူတစ်ဦးကို ချုပ်ရမန်ယူစစ်ဆေးနေ

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)မှ ငွေလုယက်မှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားသူတစ်ဦးကို မြို့နယ်တရားရုံး၌ ချုပ်ရမန်ယူထားကြောင်း မိသားစုထံမှ သိရသည်။

ဇွန်လ ၁ဝ ရက်နေ့၊ ညနေ ၄ နာရီကျော်ခန့်က KBZ ဘဏ်ခွဲ(၂)ကို အမည်မသိမျက်နှာဖုံးစွပ် လူ(၄)ဦးက Hi Jet အဖြူရောင်ကားတစ်စီးဖြင့် လာရောက်ကာ ငွေများကိုလူယူခဲ့သဖြင့် ငွေကျပ်သိန်း ၁၈၀၀ ကျော်ပါသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စတွင် ကျူးလွန်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာတွင် သံသယရှိသူတစ်ဦးကို မော်တော်ယာဉ်နှင့်အတူ ဖမ်းမိခဲ့ပြီး ကျန် ၃ ဦးမှာ ဘဏ်မှငွေများနှင့်အတူ ထွက်ပြေးနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးစစ်ဆေးခံနေရသူမှာ စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်မှ ကားအငှားမောင်းသူ စိုးမင်းထွန်းဆိုသူဖြစ်ပြီး ၎င်းကို ဇွန်လ(၁၁)ရက်နေ့က စစ်တွေမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်တင်တင်ဝင်းက DMG သို့ ပြောသည်။

“သူ့ကိုရမန်ယူထားတယ်။ ၂၅ ရက်နေ့ ရုံးချိန်းထားပါတယ်။ သူနဲ့ကျမတို့ တွေ့ခွင့်မရသေးပါဘူး။ အမှတ်(၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ ထမင်းပို့ရင်လည်း စခန်းအဝမှာ ထားခဲ့ရတယ်။ သူ့ဆီက စကားတွေကို ဘာမှမကြားရသေးဘူး။ ရမန်ယူတုန်းကလည်း သူနဲ့စကားမပြောလိုက်ရပါ ” ဟု ဒေါ်တင်တင်ဝင်းက ဆိုသည်။

အခင်းဖြစ်သည့်နေ့က ကိုစိုးမင်းထွန်းမှာ ကားမောင်းရန်ထွက်သွားပြီးနောက် ဖမ်းဆီးခံရသည်ဆိုသည့် သတင်းကိုသာ မိသားစုဝင်များက သိရှိထားပြီး မည်ကဲ့သို့ဖြစ်သွားသည်ကို ကာယကံရှင်နှင့် မတွေ့ရသေးသဖြင့် သိရှိခြင်း မရှိသေးကြောင်း ဆိုသည်။

“ကိုယ့်ကားကို ကိုယ်သွားယူတာ။ အဲဒီမှာ မီးစက်ခွဆုံနားမှာ အဖမ်းခံရတယ်လို့ပဲသိရတာ” ဟု ၎င်းကဆိုသည်။

DMG မှ စစ်တွေအမှတ်(၁)ရဲစခန်းသို့ သွားရောက်ပြီး စခန်းမှူး ဒုရဲမှူးအောင်မြဦးအား တွေ့ဆုံမေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မအားသေးဟုသာ တုန့်ပြန်ခဲ့သည်။

ပြည်နယ်အစိုးရုံးများတည်ရှိရာ စစ်တွေမြို့တွင် ယခုကဲ့သို့ ဘဏ်မှငွေလုယူမှုများဖြစ်ပွားလာသည့်အပေါ် မြို့သူမြို့သားများက စိုးရိမ်မှုများဖြစ်ပေါ်နေကြသည်။

“ဒီစစ်တွေမြို့ပေါ်မှာတောင် ဓားထိုးမှုတွေ၊ လုယက်မှုတွေ ဒီလောက်ဖြစ်နေတယ်။ အန်တီတို့အနေနဲ့ ဘာမှလုံခြုံမှုမရှိဘူး၊ တစ်နေ့ထက်တစ်နေ့ ဒေသခံတွေအကုန်လုံး စိုးရိမ်နေကြတယ်” ဟု စစ်တွေမြို့ခံ ဒေါ်ဖြူဖြူသန်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခု နိုဝင်ဘာလအတွင်းက ကျောက်တော်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်က တာဝန်ရှိသူများမှာ ဘဏ်လုပ်ငန်းများဆောင်ရွက်ပြီး ငွေသေတ္တာကို မြို့မရဲစခန်းရှိ ဘဏ်တိုက်ခန်းတွင်ထားရှိရန် သွားသည့်လမ်းတွင် မျက်နှာဖုံးစွပ်လူ ၂ ဦးက လုယူသွားသဖြင့် ငွေကျပ်သိန်း ၂၀၀၀ ကျော် ပါသွားကြောင်းလည်း သိရသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...