ထိုင်းပြည်တော်ပြန် ၇၀၀ ကျော်အနက် ၄၄ ဦးကိုစစ်ဆေးရာ ပိုးမတွေ့

ထိုင်းပြည်တော်ပြန် ၇၀၀ ကျော်အနက် ၄၄ ဦးကိုစစ်ဆေးရာ ပိုးမတွေ့
မြစ်ကြီးနားပြည်တော်ပြန်များကို လွဲပြောင်းသည့် ကုန်တင်ကုန်ချစခန်း၊ ဓါတ်ပုံ – KSC19PN
မြစ်ကြီးနားပြည်တော်ပြန်များကို လွဲပြောင်းသည့် ကုန်တင်ကုန်ချစခန်း၊ ဓါတ်ပုံ – KSC19PN

ကချင်ပြည်နယ်တွင် ဆိုက်ရောက်နေပြီဖြစ်သော ထိုင်းပြည်တော်ပြန် ၇၀၀ ကျော်အနက် ပထမဆုံးအကြိမ် ၄၄ ယောက်ကို စစ်ဆေးခဲ့ရာ တစ်ဦးမျှပိုးမတွေ့ရသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလကုန်ပိုင်းကစပြီး ကချင်ပြည်နယ်အစိုးရက ထိုင်းပြည်တော်ပြန်များကို စတင်လက်ခံခဲ့ရာ လက်ရှိတွင် စုစုပေါင်း ၇၂၆ ဦး ရှိနေပြီဖြစ်သည်။

“ထိုင်းကပြန်လာတဲ့သူတွေကို ဟိုမှာလည်း စစ်ခဲ့တာပေါ့။ ပြီးမှ ဒီကို ပို့တယ်။ ဒီမှာလည်းရောက်တော့ လည်း ၂၁ရက် ကွာရန်တင်းထားတယ်။ ပြီးမှ ဆေးစစ်ဆေးမှုတွေပြုလုပ်တာပေါ့။ အဲ့ထဲမှာ အခု ပထမ စစ်တဲ့ထဲမှာ ၄၄ရောက်က ပိုးမတွေ့ရဘူးပေါ့လေ” ဟု ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဒုညွန်ကြားရေးမှူး ဦးတင့်နိုင် က ပြောသည်။

 

ဇွန်လ ၁၂ရက်နေ့တွင်လည်း ထိုင်းပြည်တော်ပြန် ၁၄၃ ဦး ပြန်လည်ရောက်ရှိလာမည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

မြစ်ကြီးနားမြို့အတွင်း ထိုင်းပြည်တော်ပြန်များကို ပညာရေးကောလိပ်ကျောင်း၊ သားဖွားသင်တန်းကျောင်းနှင့် ဟိန္ဒူဘုရားကျောင်း စသောနေရာတွင်ထားရှိပြီး စုစုပေါင်း၂၅၄ဦးခန့်ရှိကြောင်း မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ထံမှ သိရသည်။

ကျန်ရှိသူများကို ၎င်းတို့သက်ဆိုင်သော မြို့နယ်အလိုက် ကွာရန်တင်းထားရှိနေကြောင်း သိရသည်

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...