ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ပစ်ခတ်မှု ဖြစ်ပွား

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ပစ်ခတ်မှု ဖြစ်ပွား

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ဇွန်လ ၁၁ ရက် နံနက် ၈ နာရီကျော်က သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းပစ်ခတ်မှုမှာ မြို့ထဲရှိ ဧစေတီအနီးတွင် ဓားထိုးမှု တစ်ခု ဖြစ်ပွားပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။

“ ဒီနေ့ မနက်က ဧစေတီအနီးမှာ ဓားထိုးမှု ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ဈေးပြိုသွားတယ်။ အကုန်လုံးပိတ်သွားတယ်။ ဈေးဆိုင်တွေ၊ ကုန်စုံဆိုင်၊ လဘက်ရည်ဆိုင်၊ ဟင်းသီးဟင်းရွက် ရောင်းနေတဲ့ ဆိုင်တွေ အကုန်လုံးပိတ်သွားတယ်။ လူတွေအကုန်လုံး ကိုယ့်အိမ်ထဲကို ကိုယ်ထွက်ပြေး ကြပါတယ်။ လမ်းမှာ လူမရှိဖြစ်သွားပါတယ်။ အဲဒီနောက် သိပ်မကြာလိုက်ဘူး။ တပ်က မြို့ထဲ ဝင်လာပြီး သေနတ်ပစ်သံတွေကို ကြားရပါတယ်။ အဓိက ကြားရတာက ဈေးအနီးတဝိုက်က ကြားရပါတယ်” ဟု ၎င်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်က ပြောသည်။

နံနက် ၈ နာရီခွဲခန့်တွင် ပစ်ခတ်မှုမှာ မိနစ် ၂ဝ ခန့်ကြာမြင့်ပြီး တစ်ချက်ချင်းပစ်သံများကို ကြားရသလို အတွဲလိုက်ပစ်သံများကို ကြားရကြောင်း၊ နောက်ထပ် နံနက် ၉ နာရီ မိနစ် ၄၅ ခန့်တွင်လည်း ထပ်ပြီး ပစ်ခတ်သံများကို ကြားရသည်ဟုလည်း ပြောသည်။

အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဓားထိုးခံရသူ တစ်ဦးကို ရဲတပ်ဖွဲ့ဝင် သုံးလေးဦးမှ ဘေးတွဲ ဆိုင်ကယ်ဖြင့် ယူဆောင်သွားသည်ကို မြင်ရကြောင်း ပြောကြားသည်။

၎င်းဓားထိုးခံရသူမှာ တပ်မတော်သား တစ်ဦးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာ သတင်းဌာနအနေဖြင့် လောလောဆယ် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

“ အခုကြားတာက တပ်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ နေရာယူထားတယ်လို့ သိရပါတယ်။ အရေးကြီးတဲ့ လမ်းဆုံတွေမှာလည်း ရှိတယ်လို့ သိရပါတယ်။ သေနတ်ပစ်သံတွေကတော့ တစ်ချက် တစ်ချက် ကြားနေရသေးတယ်။ လူတွေကတော့ အကုန်လုံး ကိုယ့်အိမ်ထဲက ဗုံးခိုကျင်းမှာ ဝင်ခိုနေကြတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်က ပြောသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...