မာန်အောင်ကျွန်းရှိ သန္တာကျောက်တန်းကို ကာကွယ်ရန်အတွက် ဒေသန္တရအမိန့်ထုတ်

မာန်အောင်ကျွန်းရှိ သန္တာကျောက်တန်းကို ကာကွယ်ရန်အတွက် ဒေသန္တရအမိန့်ထုတ်

အောင်ကောင်းဇော် — မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအုပ်စု၊ ပြင်ကောက်ကျေးရွာကမ်းခြေတစ်လျှောက်တွင် သဘာဝ အတိုင်းဖြစ်တည်နေသည့် သန္တာကျောက်တန်းများ မပျက်စီးစေရေးအတွက် မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်ကို ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သန္တာကျောက်များအား ချိုးဖဲ့ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်း၊ တက်နင်းခြင်း၊ ကမ်းခြေ အတွင်း အရက်သေစာသောက်စားခြင်းများကို ကန့်သတ်ထားပြီး လာရောက်ကြည့်သူများအနေဖြင့်လည်း သတ်မှတ်နေရာမှသာကြည့်ရှုရန်တို့ ပါဝင်သည်။

ထို့အပြင် သန္တာကျောက်တန်းတည်ရှိရာတွင် ငါးဖမ်းခြင်း၊ ကမ်းခြေအတွင်း ခွင့်ပြုချက်မဲ့ တဲထိုးခြင်း၊ ဆိုင်ခန်း ရောင်းချခြင်းများကိုလည်း ကန့်သတ်ထားကာ လာရောက်သူများအနေဖြင့် ဂေဟစနစ်မပျက်စီးစေရန် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန် အမိန့်ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။

အဆိုပါအချက်များကို အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ချိုးဖောက်မှုတစ်စုံတစ်ရာ လုပ်ဆောင်ပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ တည်ဆဲဥပဒေများနှင့်လည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းဒေသန္တရအမိန့် ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြသော်လည်း ကျေးရွာ၌ တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူများမှာ စားဝတ်နေရေး အခက်အခဲကြုံလာရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီသဘာဝသန္တာကျောက်တန်းကို ထိန်းသိမ်းဖို့ဆိုတာက တော်တော်အရေးပါတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ဒေသခံတွေ ငါးရှာထွက်ဖို့ အခက်အခဲဖြစ်လာမှာတော့ အသေအချာပဲ။ စားဝတ်နေရေး အခက်တွေ့လာမယ်။ ဒါကြောင့် ဒေသခံလိုအပ်ချက် အစိုးရထုတ်ပြန်ချက် နှစ်ဖက်တွေ့ပြီးဆွေးနွေးဖို့တော့ လိုအပ်မယ်ထင်တယ်”ဟု မာန်အောင်ဒေသခံ ကိုအောင်မြင့်သူက ဆိုသည်။

အဆိုပါ သန္တာကျောက်တန်းမှာ ၃ ဧကကျော်ခန့် ကျယ်ဝန်းပြီး ယခင်နှစ်ပေါင်းများစွာကပင် တည်ရှိနေသည်ကို ဒေသခံတို့ သိရှိနေပြီးဖြစ်သော်လည်း ယခုနှစ်မေလက သန္တာကျောက်တန်းများအား ချိုးဖဲ့ဖျက်ဆီးနေကြသည့် ဓာတ်ပုံများမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...