ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ဖားအံ-မြဝတီကားပြေးဆွဲသူများအပေါ် ရိုက်ခတ်

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ဖားအံ-မြဝတီကားပြေးဆွဲသူများအပေါ် ရိုက်ခတ်

Covid -19 ရောဂါကြောင့် ထိုင်း-မြန်မာ မြဝတီနယ်စပ်ဂိတ် အဝင်အထွက်သွားလာမှုများ ပိတ်ပင်လိုက်သည့် နောက်ပိုင်း ဖားအံ-မြဝတီသို့ တပိုင်တနိုင်ပုံမှန်ပြေးဆွဲနေသည့် ကားသမားများ၏ မိသားစု စားဝတ်နေရေးအပေါ်များစွာ ရိုက်ခတ်မှုရှိနေကြောင်း သိရသည်။

 

နှစ်လနီးပါးခန့်ကြာမြင့်နေပြီဖြစ်သည့် Covid-19 ရောဂါကြောင့် မြဝတီသို့ခရီးသွားလာမှုနည်းပါးလာသည့်အတွက် အချို့ကားသမားများအနေဖြင့် ကားပြေးဆွဲမှုလုံးဝရပ်ဆိုင်းလိုက်ရသူများရှိနေသလို အချို့မှာပုံမှန် မဟုတ်ဘဲ ရက်ခြားပြီး ပြေးဆွဲနေရသည့် အခြေအနေဖြစ်ပေါ်နေသည်ဟု ကားသမားများက ပြောဆိုသည်။

ဖားအံ-မြဝတီသို့ အိမ်စီးကားနှင့် ကားပြေးဆွဲနေသည့် စောပိုက်ထွေးက“ ကျနော်က ရက်ခြားပြီးသွားတယ်၊ ဧည့်သည် ၁ ယောက် ၂ ယောက်ပဲရတယ် ။ သွားတော့သွားတာဘဲ။ ကျနော့်သူငယ်ချင်းအချို့ကတော့ တွက် ခြေ သိပ်မကိုက်တော့ ရပ်လိုက်တာ ၂ လကျော်လောက်ရှိပြီ။ တစ်ချို့ တစ်ခြားအလုပ် ပြောင်းလုပ်တယ် ။ ဒါ ပေမယ့် ဒီအချိန်မှာ တစ်ခြားအလုပ်တွေလည်း လုပ်လို့သိပ်အဆင်မပြေဘူး။နယ်စပ်မြို့မှာတော့ အရင်က ထက်စာရင် ခရီးအသွားအလာ တော်တော်ကိုနည်းသွားတာ”ဟု ကေအိုင်စီသို့ ပြောသည်။

ယခင် Covid -19 မဖြစ်ပွားခင်က နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၊ ဒေသခံများ အနေဖြင့် ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ဖြစ်စေ၊ အချို့မှာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း ပိုင်း များအထိ အလုပ်ကိစ္စဖြစ်စေ၊ အလည်အပတ်ဖြစ်စေနေ့စဉ် ပုံမှန်ကားစင်းရေ ရာချီသွားလာမှုများရှိရာမှ ယခု သုံးပုံ တစ်ပုံခန့်သာ သွားလာသည့် အခြေအနေဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းတွင် အဝင်အထွက်ကန့်သတ်မှုများပြုလုပ်လိုက်သည့်အတွက် မြဝတီမှ မဲဆောက်မြို့တွင်း ကားပြေးဆွဲနေသူအချို့တွင်လည်း အလားတူအခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု မြဝတီမှ မဲဆောက်အသွားအပြန် ကားပြေးဆွဲနေသူ စောဘိုးအူးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“အခုထိုင်းဘက်ခြမ်းသွားရင် ကားတစ်စီးကို ကားမောင်းသမားအပါအဝင် ခရီးသည်တစ်ယောက်ဘဲ သွားလို့ရတယ်။ ကားဆိုရင်လည်း အိမ်စီးကား ဝင်လို့မရတော့ဘူး ။ ကုန်ပစ္စည်းပဲသွားဝယ်လို့ ရတယ်။ ဆိုတော့ ကုန်ပစ္စည်းသယ်တဲ့လိုက်ထွက်ကားနဲ့ပြန်မောင်းရတယ်။ အဲဒီခရီးသည်ကလည်း ထိုင်းမှာ ကုန်ပစ္စည်း သွားဝယ်ပြီးရင် ညနေပြန်လာရတယ် ။ အရင်က ခရီးသည်ရှိရင်ရှိသလို နှစ်ခေါက် ၃ ခေါက်သွားရတယ် ။ အခု က အဲလိုမရတော့ တစ်ခါသွားရင်လည်း တစ်ယောက်ထဲတင်လို့ရတော့ တစ်ခေါက်သွားရင်ကားခ ဘတ် ၁ ထောင်ကျော် လောက်တောင်းရတယ် ” ဟု ပြောသည်။

တနိုင်တပိုင်ကားပြေးဆွဲသူများအနေဖြင့် ယခင်က နယ်စပ်မှတစ်ဆင့် မြန်မာနှင့် ထိုင်းနိုင်ငံဘက်ခြမ်းမှ ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာမှုများအပေါ်မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုနေရ သည့်အတွက် ကိုဗစ်ရောဂါ ဂယက်ရိုက်ခတ်မှုကြာမြင့်ပါက ၎င်းတို့အပေါ်များစွာ သက်ရောက် မှုဖြစ်ပေါ်လာစေနိုင်ကြောင်း ကားသမားများက ပြောဆိုကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...