မြဝတီမြို့နယ်ထဲရှိ ကာစီနိုရုံ၊ ဂိမ်းလောင်းကစားဆိုင်များကို စစ်ဆေး အရေးယူမည်

မြဝတီမြို့နယ်ထဲရှိ ကာစီနိုရုံ၊ ဂိမ်းလောင်းကစားဆိုင်များကို စစ်ဆေး အရေးယူမည်

မြဝတီမြို့နယ်အတွင်းရှိ တရားမဝင် ဖွင့်လှစ်ထားသည့်  ကာစီနိုလောင်းကစားရုံများနှင့် ဂိမ်းဆိုင်များကို ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ မြဝတီခရိုင် ရဲတပ်ဖွဲ့က ဦးဆောင်ပြီး တားဆီးကြပ်မတ် ထိန်းသိမ်းရေး အဖွဲ့၊ ဖွဲ့စည်းကာ မေလ ၂၆ ရက်တွင် စတင်စစ်ဆေးအရေးယူ သွားမည်ဟု မြဝတီရှိ သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး သက်လင်းဦး ဦးစီး၍ ဒေသတွင်းလက်နက်ကိုင် အဖွဲ့ များဖြစ်သည့် KNU၊ KKO (DKBA)၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များလည်း ပါဝင်ကြောင်း သိရသည်။ အဖွဲ့အနေဖြင့် မြဝတီမြို့ပေါ် ရပ်ကွက်၊ ကျေးရွာများနှင့် ဝေါလေ၊ ကျောက်ခတ် ဒေသများတွင် တရားမဝင်ဖွင့်လှစ်ထားသော ကာစီနို(Casino) လောင်းကစားရုံ (၂၇) ရုံနှင့် ဂိမ်း (Game) ဆိုင်(၂၇) ဆိုင်ကို စစ်ဆေး သွားမည်ဟု ဆိုသည်။

DKBA တာဝန်ရှိသူတစ်ဦးက “ ဒီနေ့ လာလုပ်မယ်။ အဓိကက မြဝတီမှာ ရှင်းလို့ရရင်ပြီးပြီ။ မြဝတီမှာက ကာစီနို အများကြီးပဲ။ အဲ့ဒါကိုပဲ ဘယ်လိုလုပ်မလဲ စောင့်ကြည့်မယ်။ အရင်ကတည်းက သူတို့လည်း အတူတူစားရတာပဲ ပြောချင်တာက သူခိုးကြီးက သူခိုးလေးကို ဆုံးမတာပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်မယ့်အပေါ်မှာတော့ ကောင်းတယ်လို့ပဲ မြင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ဆေးရာတွင် ဥပဒေနှင့် ငြိစွန်းမှု ရှိ မရှိ ၊ အွန်လိုင်း(Online) ဂိမ်းများနှင့်ဆက်စပ်ပစ္စည်းများ ရှိ၊မရှိ နိုင်ငံခြားသားများဝင် ထွက်သွားလာနေထိုင်မှုနှင့် စပ်လျဉ်း၍  ဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိတို့ကိုပါ စစ်ဆေး သွားမည် ဖြစ်သည်။

ထို့အပြင် ဟိုတယ်ဆောက်လုပ်ခွင့် လိုင်စင် ရှိ မရှိ၊ အဆောက်အဦး ဆောက်လုပ်ခွင့် လျှောက်ထားခြင်းနှင့် ခွင့်ပြုထားခြင်း ရှိမရှိ တို့ကိုလည်း စစ်ဆေးမည်ဖြစ်သလို လျှပ်စစ်၊ ဆက်သွယ်ရေးဆိုင်ရာ အသုံးအဆောင်များ တရားဝင် အသုံးပြုခြင်း ဟုတ်မဟုတ်တို့ကိုပါ စစ်ဆေးသွားမည် ဖြစ်သည်။ စစ်ဆေးပြီးနောက် တရားမဝင်မှုများ ကို အရေးယူသွားမည်ဟု ကနဦး သတင်းရရှိသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်စပ် သောင်ရင်းမြစ်ကမ်းနဖူးပေါ်၌ လက်နက်ကိုင်အဖွဲ့ အစည်း များနှင့် ဆက်စပ်ဖွင့်လှစ်ထားသည့် ကာစီနို လောင်းကစားရုံများနှင့် လောင်းကစား ဂိမ်းဆိုင်များစွာရှိသလို လတ်တလော နာမည် ထွက်ပေါ်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနေရာတွင်လည်း လောင်းကစားရုံများ၊ အွန်လိုင်းဂိမ်းများစွာရှိသည်ဟု မြဝတီ ဒေသခံများက ပြောသည်။

လက်ရှိ မြန်မာနိုင်တွင် နိုင်ငံခြားသားများသာ ကစားခွင့်ပြုသည့် ကာစီနို လောင်းကစားရုံ တရားဝင် ဖွင့်လှစ်ခွင့် ဥပဒေကို ပြီးခဲ့သည့်နှစ် ၂၀၁၉ ခုနှစ် မေလလောက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းထားပြီး ဖြစ်သည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...