ရွာသားများ ကင်းမဲ့နေသည့် မီးလက်ဝအောက်ရွာ မီးလောင်

ရွာသားများ ကင်းမဲ့နေသည့် မီးလက်ဝအောက်ရွာ မီးလောင်

အနီးအနားပတ်ဝန်းကျင်တွင်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေ၍လူသူကင်းမဲ့နေသော ပလက်ဝမြို့နယ် မီးလက်ဝအောက်ရွာရှိ လူနေအိမ်များမှာ မေလ ၂၆ ရက်နေ့လယ်က မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း ပလက်ဝမြို့ ဒေသခံများက မဇ္ဈိမသို့ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ကုလားတန်မြစ်များ၏ အရှေ့မြောက်ဘက် ပလက်ဝမြို့၏တဘက်ကမ်းတွင်တည်ရှိသော မီးလက်ဝကျေးရွာတွင် မီးလောင်ကျွမ်းနေသည့် မီးခိုးငွေ့များကို ပလက်ဝမြို့ပေါ်မှပင် မြင့်တွေ့နေရသည်ဟုဆိုသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီပေးဆောင်ရွက်ပေးနေသော မြို့ခံ ဦးကျော်အောင်က “ ပလက်ဝကနေ မြင်ရတယ်။ အသံတွေကြားနေရတယ်။ ” ဟု ပြောသည်။

အောက်မီးလက်ဝကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါရွာအနီးတွင် ယနေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

လောလောဆယ်တွင် အိမ်ခြေမည်မျှ မီးလောင်ကျွမ်းပြီး မည်မျှခန့် မီးမလောင်ဘဲ ကျန်နေခဲ့သည်ကိုတော့ တိတိကျကျ မသိရသေးပေ။

ယခုမီးလောက်ကျွမ်းခဲ့သော အောက်မီးလက်ဝကျေးရွာရှိ ဒေသခံများမှာ ဧပြီလ ၁၀ ရက် ဝန်းကျင်ကတည်းက ပလက်ဝမြို့ပေါ်နှင့် နီးစပ်ရာ စစ်ဘေးရှောင်စခန်းများတွင် သွားရောက် ခိုလှုံနေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း ကျေးရွာသားများ စစ်ဘေးတိမ်းရှောင်နေကြသော ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် လူနေအိမ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် အေအေတို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...