ဟုမ္မလင်းတွင် လက်သမား သားအဖနှစ်ဦးကို လက်နက်ကိုင်များက ပစ်ခတ်၊ တစ်ဦးသေ

ဟုမ္မလင်းတွင် လက်သမား သားအဖနှစ်ဦးကို လက်နက်ကိုင်များက ပစ်ခတ်၊ တစ်ဦးသေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း သားအဖနှစ်ဦးကို လက်နက်ကိုင်များက သေနတ်ဖြင့်ပတ်ခတ်မှုကြောင့် သားဖြစ်သူသေဆုံးကာ ဖခင်ဖြစ်သူလက်မောင်းတွင်ဒဏ်ရာရရှိမှု မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ကူကီးအရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မန်လီကျေးရွာ အထက်ဘက်မှာရှိသော အော်တိုကျေးရွာကုန်းဆင်းတွင် အရပ်ဝတ်နှင့် လက်နက်ကိုင်ငါးဦးက ဆိုင်ကယ်ကိုတားရာ မရပ်ဘဲဆက်မောင်းသွားသည့်အတွက် နောက်မှပစ်ခတ်ခဲ့ရာက သားဖြစ်သူ၏ ကျောကိုဖောက်ကာ ဖခင် လက်မောင်းကိုလည်း ကျည်မှန်ခဲ့သည်ဟု ဆိုသည်။

သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ်ဖြစ်ပြီး ဖခင်မှာ ဒဏ်ရာကြောင့် ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကူကီးအရပ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် ကူကီးလူငယ်ကွန်ရက်၊ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး နှင့် ကူကီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို) တို့မှ ကြေညာချက်တွင် ရှမ်းနီတပ် လက်ချက်ဟု စွပ်စွဲထား ပြီး စုံစမ်းစစ်ဆေးရန် တောင်းဆိုလိုက်သည်။

ကူကီးလူငယ်ကွန်ရက် မှ ဥက္ကဋ္ဌ ဖြစ်သူ ကိုဆေးဂင် က’ရှမ်းနီလက်နက်ကိုင် (SNA) က အဲ့ဒီ့ ဒေသတစ်လျှောက်မှ လှုပ်ရှားမှုက နှစ်နှစ်လောက်ရှိနေပြီး တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မရှိဘူးလေ။ ဒါ့ကြောင့် ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ သူတို့ရဲ့ လုပ်ရပ်အပေါ် ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို စုံစမ်းဖော်ထုတ်ပေးဖို့တောင်းဆိုထားတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ယခုဖြစ်ရပ် နှင့် ပက်သက်၍ ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ ဗိုလ်မှူးကြီး ဆေစိုင်းထွန်း မှ “ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပက်သက်ပြီး သေချာ အထက်ကနေ အောက်ခြေအထိ သေချာစစ်ဆေးပြီး မှန်မှန်ကန်ကန် ဖြစ်အောင် အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်။" ဟုဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...