ချီဖွေတွင် ပြန်လည်နေရာချသည့် စစ်ရှောင်များအဆင်မပြေသဖြင့် မူလ စစ်ရှောင်စခန်းတွင် ပြန်နေထိုင်

ချီဖွေတွင် ပြန်လည်နေရာချသည့် စစ်ရှောင်များအဆင်မပြေသဖြင့် မူလ စစ်ရှောင်စခန်းတွင် ပြန်နေထိုင်
ပုံ- ချီဖွေစစ်ရှောင်များကို နေရာချပေးသော အိမ်
ပုံ- ချီဖွေစစ်ရှောင်များကို နေရာချပေးသော အိမ်

ကချင်ပြည်နယ် ချီဖွေမြို့ရှိ စစ်ရှောင်များကို ပြန်လည်နေရာချထားပေးသည့်နေရာတွင် သောက်သုံးရေနှင့် ကလေးများ ပညာရေးအတွက် သွားလာမှုခက်ခဲသည့်အတွက် မူလ စစ်ရှောင်စခန်းတွင်သာ ပြန်လည်နေထိုင်ခဲ့သည်ဟု သိရသည်။

၂၀၁၉ခုနှစ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ချီဖွေစစ်ရှောင်စခန်းရှိ ပြောင်းရွှေ့နေထိုင်လိုသူများအတွက် ပထမဆုံး အိမ်ထောင်စု ၁၄စုကို နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။

သို့သော် အဆိုပါပြောင်းရွှေ့ရန်ဆောက်လုပ်ပေးထားသည့် နေရာတွင်ခက်ခဲမှုများစွာရှိနေသည့်အတွက် မူလစစ်ရှောင်စခန်းကိုသာ ပြန်လည်နေထိုင်ခဲ့သည်ဟု စခန်းတာဝန်ခံ ဆရာမတိုက်ညွယ်က ပြောသည်။

“သူတို့အတွက် အစားအသောက်ထောက်ပံ့တာကျတော့ World Food ကထောက်ပံ့ထားတာ အခက်ခဲ မရှိဘူး။ ဒါပေမယ့် အဲနေရာကျတော့ ကလေးတွေအတွက်ကျောင်းနဲ့လည်း အရမ်းဝေးတယ်။ ပြီးတော့ ရေက လုံးဝခက်ခဲတယ်။ အိမ်ထောင်စု ၁၄စုမှာ ရေပိုက်အသေးတစ်ခုဘဲ သွယ်ထားပေးတော့ ရေကန်တွေကလည်း မရှိ။ ဈေးတွေနဲ့လည်းဝေးတော့ အစစ အရာရာခက်ခဲတယ်။ အဲကြောင့် ထင်တယ် အဲမှာသွားနေတာ မိသားစုတစ်စုဘဲရှိတယ်။ ကျန်တဲ့သူတွေတော့ အားလုံးဒီမှာဘဲ ပြန်လာနေကြတာများပါတယ်။” ဟု ဆရာမတိုက်ညွယ် က ဆိုသည်။

ပထမဆုံးပြောင်းရွှေ့ထားသည့် စစ်ရှောင်စခန်းသည် ချီဖွေမြို့ မူလစစ်ရှောင်စခန်းနှင့် ၃မိုင်ခန့်ကွာဝေးသည့်နေရာတွင် ဖြစ်ပြီး လော်ဝေါ်နှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၈ စုနှင့် ကချင်နှစ်ခြင်းအသင်းတော်စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၄စုဖြစ်ပြီး ၂၀၁၉ခုနှစ် မေလတွင် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

မူလစစ်ရှောင်စခန်းမှ ပြောင်းရွှေ့သွားသူများအား အစားသောက်ထောက်ပံ့မှုနှင့်ပတ်သက်ပြီး ပြောင်းရွှေ့ပြီးနောက် ၆လ သာ ထောက်ပံ့မည်ဟု သတ်မှတ်ထားသော်လည်း စစ်ရှောင်များတွက်စားသောက်ခက်ခဲမှုများ ဖြေရှင်းနိုင်ရန် ခက်ခဲသည့်အတွက် ထပ်မံတောင်းဆိုခဲ့ရာ အဆင်ပြေခဲ့ကြောင်း ဆရာမတိုက်ညွှယ်ဆိုသည်။

သို့သော်လည်း အဓိခက်ခဲနေသော သောက်သုံးရေပြဿနာပြေလည်ပါက ပြန်လည်နေထိုင်မည်ဖြစ်ကြကြောင်း ပြောဆိုနေကြသည်။

လက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချီဖွေစစ်ရှောင်စခန်းများတွင်လည်း အသွားအလာများကန့်သတ်ထားပြီး ဧည့်တွေ့ခြင်းကိုလည်း စည်းကမ်းတင်းကြပ်ထားခဲ့သည်။

ချီဖွေမြို့နယ်တွင် စစ်ရှောင်စခန်းပေါင်း ၂ခုရှိကာ လော်ဝေါ်နှစ်ခြင်းအသင်းတော်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တို့ဖြစ်ကာ အိမ်ထောင်စု စုစုပေါင်း ၂၀၀ကျော်ခန့်ရှိကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...