ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်

ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၁၈ ရက် နေ့စွဲဖြင့် ကြေညာလိုက်သည်။

ဒေါက်တာအေးမောင်မှာ ရာဇသတ်ကြီးပုဒ်မ ၁၂၂(၁) နှင့် ပုဒ်မ ၅၀၅(ခ)တို့အရ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက် နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံရပြီး တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက် ခဲ့သော်လည်း မူလတရားရုံး၏အမိန့်ကို အတည်ပြုခဲ့သဖြင့် တည်ဆဲဥပဒေအရ ထောင်ဒဏ်ကျခံရသူဖြစ်ကြောင်း ကြေညာချက်ကဆိုသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်နှင့် ငြိစွမ်းနေသဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့မှစပြီး ဒေါက်တာအေးမောင်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၈၈)၊ ပုဒ်မခွဲ(က)အရလည်း နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် ဒေါက်တာအေးမောင်မှ လွှတ်တော်အသီးသီး၌ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့်မရှိကြောင်းလည်း ကော်မရှင်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲအတွင်း ဟောပြောချက် များနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့နှစ်ဦးကို

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မများဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် လက်ရှိ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျလျက် ရှိနေသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...