တောင်ကြီး ကိုဗစ်-၁၉ နောက်ဆုံးလူနာ ဆေးရုံဆင်းခွင့်ရ

တောင်ကြီး ကိုဗစ်-၁၉ နောက်ဆုံးလူနာ ဆေးရုံဆင်းခွင့်ရ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ လူနာ အမှတ် ၁၂၁ သက်သာပျောက်ကင်းပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ရပြီကြောင်း သတင်းရရှိသည်။

လူနာအမှတ် ၁၂၁ သည် သျှမ်းပြည်တောင်ပိုင်း ကိုဗစ်-၁၉ လူနာအဖြစ်  ဧပြီလ ၂၁ ရက်နေ့က အစိုးရ ကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရာ မေလ ၁၆ ရက် မှသာ ဆေးရုံမှဆင်းခွင့် ရခဲ့ကြောင်း ပြည်နယ်အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဆေးရုံက ဆင်းပြီး ပြည်နယ်ကျန်းမာရေး ဧည့်ရိပ်သာမှာ Facility Quarantine ၇ ရက် နေနေပါမယ်။ ပြီးရင် Home Quarantine ၇ ရက် နေနေရပါတယ်” ဟု ဒေါက်တာနှင်းအိဖြူ က ဆိုသည်။

လူနာအမှတ် ၁၂၁ သည် အင်္ဂလန်   နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ဆရာ၀န် တဉီးဖြစ်ကြောင်းသိရသည်။

“ဧပြီ ၂၁ ရက်နေ့က ဆေးရုံ စတက်တယ်။ မေလ ၁၆ ရက်နေ့မှာ ဆေးရုံဆင်းတယ်။ကျန်းမာရေးတော့ အားလုံး ကောင်းနေတယ်” ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  လူနာ ၁၈၇ ဦး ရှိပြီး ပြန်လည် သက်သာလာသူ ၉ ၇ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိသည်။

သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်းမှာ ကိုးဗစ် ပိုးရှိ လူနာ ကင်းစင်လာပြီး သျှမ်းပြည်အရှေ့ပိုင်းမှာ ကိုးဗစ်-၁၉ လူနာ ၃ ဦး သာ ကျန်ကြောင်း သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...