မူဆယ် တွင် တရားမဝင် တရုတ်နိုင်ငံသားများ နှင့်အတူ မူးယစ်ဆေး ၁၈၀၀၀ ကျော် သိမ်းဆည်းမိ

မူဆယ် တွင် တရားမဝင် တရုတ်နိုင်ငံသားများ နှင့်အတူ မူးယစ်ဆေး ၁၈၀၀၀ ကျော် သိမ်းဆည်းမိ

သျှမ်းပြည် မြောက်ပိုင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများထံ ငွေကျပ်သိန်း ၁၈၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက် တွင် မေ ၁၅ ရက် မနက်၁နာရီ ဝန်းကျင်က လိတီချန်း ပိုင်ဆိုင်သည့် နေအိမ် အတွင်း ဝင်ရောက် ရှာဖွေ ရာ တရားမဝင် နေထိုင်သည့် ရန်ဟော်ယုံ အပါအဝင် တရုတ်နိုင်ငံသား ၃ဦး နှင့် အတူ ICE ၂၅ ကီလို၊ ဘိန်းဖြု ဆပ်ပြာခွက် ၇ ဒသမ ၇ ကီလို၊ ဘိန်းဖြု ဘလောက်တုံး ၃၀ ကီလို WY စာတန်းပါ စိတ်ကြွဆေးပြား (မူးယစ်ဆေးဝါး ခန့်မှန်း တန်ဖိုး ကျပ်ငွေ ၁၈၀၀၀ ကျော်) နှင့် လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက်အရ သိရသည်။

ထိုနည်းတူ စွမ်စော်ရပ်ကွက် တာ့ဇောက်တိကော် ဖျော်ဖြေရေး စင်တာ ကို မေ ၁၅ရက် မနက် ၁နာရီ ဝင်ရောက်စစ်ဆေးရာ တရားမဝင် တရုတ်နိုင်ငံသး ၁၀ဦး နှင့် လက်တော့ ၁၅လုံး၊ တယ်လီဖုန်း ၁၅လုံး၊ မော်နီတာ ၃လုံး၊ တရုတ် အထိုင်ဖုန်း ၇ လုံး တို့သိမ်းဆည်းရမိပြီး၊ မနက် ၂နာရီခွဲကျော်တွင်လည်း ယွိလုံဆောင်နားအပန်းဖြေ SPA နေရာ အား ဝင်ရောက် ရှာဖွေ ရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၃ဦး ထပ်မံ ဖမ်းဆီးရမိသည်။

အလားတူ ည ၁၂နာရီ ခွဲတွင် ၎င်းရပ်ကွက်ရှိ ချိန်မှုန်ပိုင်ဆိုင်သည့် နေအိမ်ကို ဆက်လက် ရှာဖွေရာ အမျိုးသား ၄ ဦး နှင့် လက်နက် ခဲယမ်း များကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်းလည်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လက်နက်ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများကို မူဆယ်မြို့ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံထားခဲ့ကြောင်း မူဆယ်ရဲတပ်ဖွဲ့ မှစုံစမ်းသိရသည်။

“ မူဆယ်မှာက တရုတ်တွေတရားဝင် နေထိုင်တာလား၊ တရားမဝင်နေထိုင်လားတောင် မသိတော့ဘူး။ စွမ်စော်ရပ်ကွက်မှာ တရုတ်တွေများတယ်။ သက်ဆိုင်ရာ စိစစ်ဖို့လိုအပ်တယ်” ဟု မူဆယ်ဒေသခံစိုင်းမှိုင်းက ပြောသည်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် တရုတ်နိုင်ငံသားအများစု နေထိုင်ပြီး ထိုနေရာ တဝှိက်တွင် မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်း အများဆုံး ဖမ်းဆီးရမိသည် နေရာလည်းဖြစ်ကြောင်း စိုင်းမှိုင်းက ပြောပြသည်။

လွန်ခဲ့သည့် လတွင်လည်း စွမ်စော်ရပ်ကွက် ပန်းဆေး ပြည်သူ့စစ်များနေထိုင်သည့်နေရာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မေ ၁၁ရက်နေ့တွင် မူဆယ်မြို့အဝင် တိုးဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကာ လူထိခိုက်မှု မရှိခဲ့ပေ။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...