နေရပ်ပြန် စစ်ဘေးရှောင်များ ရွာအနီး တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်

နေရပ်ပြန် စစ်ဘေးရှောင်များ ရွာအနီး တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်
ပိုးရွှီပြင် မဟာမိတ် လူမှုကူညီရေးအသင်း
ပိုးရွှီပြင် မဟာမိတ် လူမှုကူညီရေးအသင်း

အောင်ထိန် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များထဲမှ လူဦးရေ ၅၀၀ ကျော်မှာ မေလ ၁၇ ရက် နံနက်ပိုင်းတွင် မိမိတို့နေရပ်သို့ ပြန်သွားကြကြောင်း သတင်း ရရှိသည်။

အဆိုပါစစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲရှိလာသည့်အပြင် မကြာမီ မိုးရာသီကျရောက်တော့မည်ဖြစ်၍ လယ်ယာထွန်ယက်စိုက်ပျိုးနိုင်ရန် မိမိနေရပ်ကျေးရွာများသို့ ပြန်ကြခြင်းဖြစ်သည်ဟု နေရပ်ပြန်သူများက ပြောသည်။

ယနေ့နေရပ်ပြန်သွားကြသူ ၅၀၀ ကျော်မှာ ပေါက်တောပြင်၊ ဖက်ကျ၊ ပိန္နဲတော စသည့်ကျေးရွာများမှဖြစ်ကြပြီး ပေါက်တောပြင်ကျေးရွာမှ လူဦးရေအများဆုံးပါဝင်ကြောင်း သိရသည်။

ယခုကဲ့သို့ နေရပ်သို့ပြန်လာကြသော်လည်း ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းများ ရှိနေသည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ပေါက်တောပြင်ကျေးရွာမှ လုံခြုံရေးအရ အမည်မဖော် လိုသည့် ကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။

“ဒုက္ခသည်စခန်းမှာ အခက်အခဲတွေက အများကြီးရှိတယ်။ အဲဒါကြောင့် ကိုယ့်ရွာမှာဆိုရင် အဆင်ပြေမလားလို့ လာကြတာ။ ဒါပေမဲ့ အကုန်လုံးကတော့ စိုးရိမ်ကြောက်လန့်နေကြတယ်။ စိုးရိမ်မှုက လွန်ကဲနေကြတယ်။ ဒီည အိမ်မှာ အိပ်ရဲမလားဆိုတာ မသေချာသေဘူး” ဟု ၎င်းကျေးရွာသားက ဆိုသည်။

ပေါက်တောပြင်ကျေးရွာမှဒေသခံများ ရွာသို့ပြန်ရောက်သည့်အခါ ကျေးရွာအတွင်းမှ နေအိမ်များ၊ ကုန်စုံဆိုင်များ မွေနှောက်ခံထားရမှုများရှိကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ပေါက်တောကျေးရွာသား နောက်တစ်ဦးက DMG ကို ပြောသည်။

“ရွာကိုဝင်လာတာနဲ့ လေပွေတိုက်ခတ်ခဲ့သလို ပစ္စည်းတွေပြန့်ကြဲနေတာပဲ။ ကုန်စုံဆိုင်တွေမှာဆိုရင်လည်း ဘာမှ မရှိတော့ဘူး။ နောက်အိမ်တွေမှာဆိုရင်လည်း အိမ်ခေါင်မိုးက သံဖြူတွေပေါက်သွားတယ်။ အိမ်ပေါ်တက်ကြည့် လိုက်တာနဲ့ သေတ္တာတွေ ဖွင့်ထားတာတွေ တွေ့ရတယ်။ အဝတ်တွေလည်း ပြန့်ကြဲနေတာပဲ” ဟု ၄င်းက ဆိုသည်။

မတ်လ ၁၈ ရက်နေ့က ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပေါက်တောပြင်၊ အောင်ဘောင်တော်၊ ဖက်ကျ၊ ပိန္နဲတောစသည့်ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော်မှာ စေတီပြင်ကျေးရွာသို့ ထွက်ပြေးခိုလှုံလာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော်ရှိနေပြီး စားဝတ် နေရေး၊ ကျန်းမာရေးအပါအဝင် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...