မိုင်းပေါက်ကွဲမှုတွင် မသင်္ကာ၍ ဖမ်းဆီးထားသည့် လင်မယားနှစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

မိုင်းပေါက်ကွဲမှုတွင် မသင်္ကာ၍ ဖမ်းဆီးထားသည့် လင်မယားနှစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား
ဖမ်းဆီးခံထားရသည့် မောင်ညီဌေးအား မောင်တောတရားရုံးမှ ပြင်ဖြူစခန်းသို့ ခေါ်ဆောင်စဉ်။
ဖမ်းဆီးခံထားရသည့် မောင်ညီဌေးအား မောင်တောတရားရုံးမှ ပြင်ဖြူစခန်းသို့ ခေါ်ဆောင်စဉ်။

ချလူးအောင် — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းကျေးရွာကင်းစခန်းအလွန်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး မသင်္ကာ၍ ဖမ်းဆီးထားသည့် လင်မယားနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်ထားသည်။

ဧပြီလ ၃၀ ရက်နေ့က ဥဒေါင်းကျေးရွာကင်းစခန်းအလွန်တွင် ကွမ်းယာဆိုင်ရောင်းချနေသည့် ဥဒေါင်းကျေးရွာ သား ဦးအောင်ထွန်းသိန်း ၄၈ နှစ်မှာ ၎င်း၏ဆိုင်အနောက်ဘက်ရှိ ဝါးရုံတောမှ မျှစ်ချိုးရန်သွားစဉ် ပေါက်ကွဲမှု ဖြစ်ပွားကာ ရင်ဘတ်ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

မောင်တော-အငူမော်သွားကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို့ လာရောက်မိုင်းထောင်သည့် AA အမာခံ တစ်ဦး သည် မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဧပြီလ ၃၀ ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် မလှမ်းမကမ်းတွင်ရှိနေသည့် မောင်ညီဌေး ၁၉ နှစ်နှင့် မစန္ဒာဝင်း ၁၇ နှစ်တို့ လင်မယားနှစ်ဦးကို သံသယဖြင့်ဖမ်းဆီးခဲ့ပြီး အလယ်သံကျော်နယ်မြေရဲစခန်းတွင် (ပ)၅/၂၀၂၀ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ (ဈ)တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

“သူတို့နှစ်ယောက်ညားတာ ၆ လလောက်ပဲ ရှိပါသေးတယ်။ ဆင်းရဲကြတော့ မျှစ်ချိုး၊ သရက်သီးခူးပြီး ရောင်းချ စားသောက်နေကြတာ။ ဥဒေါင်းအနီး မိုင်းပေါက်တဲ့အချိန်မှာ သူတို့က သရက်သီးခူးနေကြတယ်လို့ သိရတယ်။ မသင်္ကာလို့ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံခဲ့ရတာဖြစ်တယ်” ဟု မစန္ဒာဝင်း၏ ဦးလေးတော်စပ်သူ ဦးစံအေးကျော်က DMG ကို ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ (ဈ)တို့ဖြင့် အမှုဖွင့်ခံထားရသည့် လင်မယားနှစ်ဦးကို ပြင်ဖြူ နယ်မြေရဲစခန်းသို့ လွှဲပြောင်းစစ်ဆေးခဲ့ပြီး မောင်တောမြို့နယ်တရားရုံး၌ မေလ ၄ ရက်နေ့တွင် ချုပ်ရမန် တစ်ကြိမ်နှင့် မေလ ၁၄ ရက်နေ့တွင် ချုပ်ရမန်တစ်ကြိမ်ရယူခဲ့ကြောင်း သိရသည်။

ဖမ်းဆီးအမှုဖွင့်ခံထားရသည့် မစန္ဒာဝင်းမှာ အသက်မပြည့်သေးသည့်အတွက် ကလေးသူငယ်ဥပဒေဖြင့် အာမခံ ရရှိသဖြင့် မိဘအုပ်ထိန်းသူထံ အပ်နှံထားကြောင်း ဦးစံအေးကျော်က ပြောသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...