စညှင်းစစ်ဘေးရှောင်စခန်းကို တပ်မတော်က စစ်ဆေး

စညှင်းစစ်ဘေးရှောင်စခန်းကို တပ်မတော်က စစ်ဆေး
ဓာတ်ပုံ - သူရမိုး
ဓာတ်ပုံ - သူရမိုး

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းကို မေလ ၁၂ ရက် နံနက် ၈ နာရီကျော် အချိန်တွင် တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းအနီးတွင် မိုင်းတွေ့သည်ဟုဆိုကာ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုသူရမိုးက ပြောသည်။

“သူတို့ပြောတာက စခန်းအနီးမှာ မိုင်းတွေ့တယ်ဆိုပြီး မသင်္ကာလို့ စစ်ဆေးတာလို့ပြောတယ်။ ကျွန်တော်လည်း စစ်ဘေးရှောင်တွေရဲ့ အိမ်ထောင်စုစာရင်းတွေကို ပြလိုက်တယ်။ စစ်တာကတော့ ၂ နာရီလောက်ကြာတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း စညှင်းစစ်ဘေးရှောင်စခန်းအား ဖယ်ရှားပေးရန် တပ်မတော်မှ ပြောဆိုခဲ့သည်။ သို့သော် စစ်ဘေးရှောင်များမှာ အခက်အခဲအမျိုးမျိုးကြောင့် မပြောင်းရွှေ့ခဲ့ရကြောင်း ကိုသူရမိုးက ဆိုသည်။

“ဒီတစ်ခေါက်ဆိုရင် စစ်ဆေးတာ ၅ ခေါက်ရှိပါပြီ။ ကျွန်တော်တို့ စစ်ဘေးရှောင်တွေရဲ့သဘောအရ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လိုလည်းဆိုတော့ သူတို့က စစ်ဘေးကြောင့် စစ်ဘေးရှောင်လာတဲ့သူတွေဖြစ်တယ်။ ပြောင်းရွှေ့မယ်ဆိုရင် ဘယ်နေရာမှာ သွားနေရမလဲမသိဘူး” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ တပ်မတော်မှ ဝင်ရောက်စစ်ဆေးမှုကြောင့် စစ်ဘေးရှောင်များမှာ ကြောက်လန့်နေကြကြောင်းလည်း ကိုသူရမိုးက ဆက်လက်ပြောကြားသည်။

စညှင်းစစ်ဘေးရှောင်စခန်းအား တပ်မတော်မှ ဝင်ရောက်စစ်ဆေးမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

စညှင်းစစ်ဘေးရှောင်စခန်းတွင် အင်ကြင်း၊ စညှင်း၊ လေပြွန်၊ ဒလက် စသည့်ကျေးရွာများမှ လူဦးရေ ၄၀၀ ကျော် စစ်ဘေးရှောင်တိမ်းလျက်ရှိကြောင်း သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ၂ နှစ်ခန့်ကြာမြင့်လာသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် အတွင်းတွင် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်အထိရှိလာနေပြီး စစ်ဘေးရှောင်များ၏ နေထိုင်စားဝတ်နေရေးများမှာ အခက်အခဲဖြစ်ပေါ်လျက်ရှိနေသည်။

ဓာတ်ပုံ - သူရမိုး

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...