သီပေါမြို့နယ် တပတ်အတွင်း မိသားစုတခုတွင် ကလေး ၃ဦးသေ

သီပေါမြို့နယ် တပတ်အတွင်း မိသားစုတခုတွင် ကလေး ၃ဦးသေ
Nanda Win/ Facebook
Nanda Win/ Facebook

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ပန်တီးကျေးရွာသားမိသားတစုတွင် တပတ်အတွင်း ကလေး ၃ ဦး သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

 

သီပေါမြို့နယ် မိုင်းလာကျေးရွာ အုပ်စု ပန်တီးရွာနေ မိသားစုဝင် ၁၁ ဦးရှိသော နေအိမ်တအိမ်၌ တပတ်အတွင်း ကလေး ၃ ဦးသေဆုံးမှုဖြစ်ပွားခဲ့သဖြင့် လက်ရှိမှာ စစ်ဆေးမှုများပြုလုပ်နေကြောင်း၊ ထိုမိသားစုထဲတွင် ၄ဦးကို သီပေါမြို့ပြည်သူ့ဆေးရုံသို့ခေါ်ဆောင်လာနေကြောင်း သီပေါမြို့နယ် ပြည်သူ့ဆေးရုံ အုပ် ဒေါက်တာနန္ဒဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ သေသွားတဲ့သူတွေက သေဆုံးတာကတော့ အသက် ၁၆ နှစ် တယောက်၊ ၈နှစ် တယောက် နဲ့ ၁နှစ်ခွဲ တယောက်တော့ သိထားတယ်။ အခုတော့ မိသားစုဝင်ထဲက ၄ဦးကို သွားခေါ်နေတုန်းပါ။ အနေအထားကတော့ ဘာမှ မသိသေးဘူး” ဟု ဒေါက်တာနန္ဒဝင်း က ဆိုသည်။

ထိုမိသားစုဝင်ထဲမှ ၄ဦးကို သီပေါမြို့ ကျန်းမာရေး outbreak response team နှင့် ပရဟိတ ကား ၃ စီးမှ သွားရောက်စစ်ဆေးနေဆဲ ဟု သိရသည်။

“သေဆုံးသွားတဲ့ အိမ်က မိသားစုဝင်တွေကို ကျနော်တို့ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး သွားရောက် စစ်ဆေးနေတာပါ။ ခုလောဆယ်တော့ အဖြေမသိရသေးပါဘူး။ ဆေးရုံကနေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်မှာပါ” သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့ မှ ကိုမျိုးက ပြောသည်။

လက်ရှိ ထို ဆေးစစ်ရန် သွားခေါ်နေသည့် အဖွဲ့ သည် လမ်းတဝက်တွင်သာရောက်နေပြီး ထိုဒေသသည် ကာကွယ်ဆေးထိုးခွင့်ရရန် ခက်ခဲသည့် ဒေသဖြစ်သောကြောင့် ပိုပြီး ဂရုတစိုက် ဆောင်ရွက် ရမည်ဖြစ်ကာ ရေရှည် စောင့်ရှောက်မှု ပေးနိုင်ရန် ကြိုးစားနေသည်ဟု ဒေါက်တာနန္ဒဝင်းက ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယခု COVID-19 ကာကွယ်ထိန်းချုပ်သည့် ကာလဖြစ်သည့် အတွက် မိသားစုဝင်အတွင်းကလေးငယ် ၃ဦး သေဆုံးသည့် သတင်းသည် အလွန်စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ မိသားစုဝင် ထဲမှာ တပတ်အတွင်း ၃ ဦး သေတော့ ရွာကလူတွေ တော်တော်လန့်တယ်။ နောက် အခုလည်း အဲ့အိမ်က ကလေးတွေ က နေမကောင်းတာရှိသေးတယ်။ ဒီနေ့တော့ သီပေါဆေးရုံက လာခေါ်သွားပြီ။ ကိုဗစ်-၁၉ ဖြစ်မှာပဲ ကြောက်နေတာ” ဟု သီပေါမြို ဒေသခံတဦးက ပြောသည်။

ပန်တီးရွာသည် သီပေါမြို့အရှေ့တောင်ဘက် မိုင် ၅၀ ခန့်အကွာတွင်ရှိပြီး သီပေါ ကျေးသီးနယ်စပ်တွင်တည်ရှိပါသည်။ တာဖာဆောင်ဘက်ကျသည့် မိုင်းတုံ မိုင်းလာ အုပ်စုဘက်တွင် ရှိသော သျှမ်းရွာတရွာဖြစ်ပါသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...