ရခိုင်ပြည်နယ်နေရာအချို့တွင် စတင်ရေရှားပါး

ရခိုင်ပြည်နယ်နေရာအချို့တွင် စတင်ရေရှားပါး
လက်ရှိ ပေါက်တော ဘဝမ်းဘုန်းတော်ကြီးကျောင်းရေကန်မြင်ကွင်း
လက်ရှိ ပေါက်တော ဘဝမ်းဘုန်းတော်ကြီးကျောင်းရေကန်မြင်ကွင်း

ထွန်းခိုင် — ရခိုင်ပြည်နယ်မှ နေရာအချို့တွင် ရေရှားပါးမှုနှင့် စတင် ကြုံတွေ့နေရပြီဖြစ်ကြောင်း နိရဉ္စရာ သတင်းဌာနမှ စုံစမ်းသိရှိရသည်။

ရေရှားနေသည့် မြို့နယ်များထဲတွင် ပေါက်တော၊ ကျောက်ဖြူ၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင် အပါအဝင် မြို့နယ် အများအပြားတွင်ဟု သိရသည်။

ပေါက်တောမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက "အဓိကတော့ ဖရုံကသုံးကျွန်းမှာ ရေရှားနေတယ်။ ဒါပေမယ့် ရေလုံးဝပြတ်သွားတဲ့ အနေအထားတော့ မဟုတ်သေးဘူး။ နှစ်တိုင်းလိုလို ဒီရာသီကို ရောက်လို့ရှိရင် ရေကသိပ်အဆင်မပြေဘူး။ ရေခပ်ရတဲ့ နေရာတွေကလည်း ဝေးလာတယ်။"ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုးရာသီတွင် ရေကြီးပြီး နွေရာသီတွင် ရေရှားပါးသည်မှာ အစဉ်အလာလို ဖြစ်နေသည်ဟု ၎င်းက ပြောဆိုသည်။

အလားတူ ကျောက်ဖြူမြို့နယ်မှ ကျေးရွာတစ်ချို့တွင်လည်း ရေရှားပါးမှု ရှိနေကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့နယ်မှ ရေရှားပါးမှုဖြစ်နေသော ကျေးရွာတစ်ချို့မှာ ဘယာကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ တောင်ကြီးကျေးရွာနှင့် အထက်မင်းပြားကျေးရွာတို့ ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ပရဟိတ လုပ်ဆောင်နေသူ ကိုကျော်နိုင်းထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

"ရေက အရမ်းရှားနေပါတယ်။ အခုကျနော်တို့ကတော့ တတ်နိုင်သလောက်တော့ လှူနေပါတယ်။ ဒါပေမယ့် လိုက်မမှီဘူးဖြစ်နေတယ်။ တန်ခူးလ နောက်ပိုင်းဆိုရင် ရေကအဆင်မပြေတော့ဘူး။ အခု လောလော ဆယ်တော့ သုံးရေလောက်ဘဲရနေတယ်။ သုံးရေဆိုတာကလည်း နွားသောက်တဲ့ ရေ အဆင့်လောက်ဘဲ ဖြစ်တယ်။ လူသောက်လို့ မရတော့ဘူး"ဟု ကိုကျော်နိုင်ထွန်းက ပြောသည်။

ကျောက်ဖြူမြို့နှင့်အနီးတဝိုက်ကျေးရွာများတွင်လည်း ရေရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

အမ်းမြို့နယ်မှ ကျေးရွာတချို့တွင်လည်း ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ကိုမျိုးလွင်က ပြောသည်။

ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ လူ ၅ နှင့် ၅ ဦးအထက်စုဝေးလျှင် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေ ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ်အတွင်း ရေရှားပါးသော နေရာများတွင် ရေကန်များကို အချိန်နှင့် ကန့်သတ်ဖွင့်လှစ်နေရခြင်းတို့ကြောင့် ရေကန်ဖွင့်ချိန်တွင် ရေခပ်လာသူများဖြင့် ကြိတ်ကြိတ်တိုး စည်းကားနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...