မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၅ ဦးကို တောင်ကုတ်မြို့နယ်တရားရုံးမှ အမှုမခိုင်လုံ၍ ပြန်လွှတ်ပေးလိုက်သော်လည်း ဗုံးခွဲမှုဖြင့်ထပ်မံတရားစွဲခံရဟု မိသားစုများ ပြောဆို

မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၅ ဦးကို တောင်ကုတ်မြို့နယ်တရားရုံးမှ အမှုမခိုင်လုံ၍ ပြန်လွှတ်ပေးလိုက်သော်လည်း ဗုံးခွဲမှုဖြင့်ထပ်မံတရားစွဲခံရဟု မိသားစုများ ပြောဆို
ဓာတ်ပုံ- သံတွဲအကျဉ်းထောင်
ဓာတ်ပုံ- သံတွဲအကျဉ်းထောင်

ထွန်းခိုင်၊ ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ မတရားအသင်းဆက်သွယ်မှု ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသူ ရွာသား ၅ ဦးကို တောင်ကုတ်မြို့နယ်တရားရုံးမှ ယနေ့တွင် ပြန်လည် လွှတ်ပေးလိုက်သော်လည်း ရဲတပ်ဖွဲ့မှ ဗုံးခွဲမှုဖြင့် ထပ်မံဖမ်းဆီးပြီး ချုပ်ရမန်ယူသွားသည်ဟု မိသားစုများက ပြောသည်။

ဖမ်းဆီးခံထားရသူ ကိုပြုံးချို၏ ညီမဖြစ်သူက “ သူတို့ ၅ ဦးကို မြို့နယ် တရားရုံးက သက်သေ ခိုင်လုံမှု မရှိဆိုပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်။ ဒါပေမယ့် ရဲက ပြန်ဖမ်းဆီးပြီး ချုပ်ရက် ရမန်ယူတယ်လို့ ပြောပါတယ်။ အခု ဆက်ဖမ်းထားပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ (၅) ဦးမှာ ဆားပြင်ကျေးရွာမှ ကိုပြုံးချို၊ ကိုသန်းနိုင်၊ ကိုအောင်ထူး၊ ကိုမောင်မြင့်အောင်နှင့် ကိုလှဖြူတို့ဖြစ်ကြသည်။ သူတို့အား ယခုနှစ် ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးသွားပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် လမူးရဲစခန်းမှ အမှုဖွင့် တရားစွဲဆိုခဲ့သည်ဟု သိရသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး သူတို့အားအမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးတင်ညိုသို့ ဆက်သွယ်ရာ သူတို့ကို မြို့နယ် တရားရုံးက လွှတ်ပေးလိုက်သော်လည်း မအီဗုံးကွဲမှုနှင့် သံသယရှိသည်ဟု ဆိုကာ ဖမ်းဆီးရမန်ယူသွားခဲ့သည်ဟု ပြောကြားသည်။

“ အမှုက ဒီလိုပါ။ လမူးရဲစခန်းမှာ မတရားအသင်းဆက်သွယ်မှုနဲ့ ပေါ့နော်။ အေအေနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ သူတို့ကို ဖမ်းဆီးပြီး ချုပ်ရမန်ကြီး နှစ်ကြိမ်ယူခဲ့တာပေါ့။ ချုပ်ရမန်ကြီး နှစ်ကြိမ်က ဒီနေ့ မေလ ၇ရက်နေ့မှာ ဆိုပြည့်ပြီလေ။ ပြည့်တဲ့အခါ သူတို့အနေနဲ့ အဲဒီအမှုနဲ့ စုံစမ်းဖော်ထုတ်လို့ မရတဲ့ အတွက်ကြောင့် တောင်ကုတ်မြို့နယ် တရားသူကြီးကနေ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၇၀၊ ပုဒ်မခွဲ (၁) အရ ဒီကနေ့ လွှတ်လိုက်တာပေါ့။ လွှတ်ပြီးတော့ နောက်ထပ် ၄၅ မိနစ်လောက် အကြာမှာ တောင်ကုတ်မြို့နယ်မှာ ဗုံးခွဲတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီတရားခံ ၅ ဦး အပေါ်မှာ သံသယ ရှိတာပေါ့နော်။ သံသယရှိတယ်ဆိုပြီး အရင်ကတော့ လမူးရဲစခန်း မတရားအသင်း ဆက်သွယ်မှုနဲ့ပေါ့။ အခု မအီရဲစခန်းမှာ ဗုံးခွဲကိစ္စနဲ့ အမှုဖွင့်ပြီးတော့ မအီ ရဲစခန်းကနေပြီးတော့ ဖမ်းဆီးချုပ်နှောင်ခွင့် ရမန် ထပ်ယူတယ်လို့ သိရတယ်။ တရားသူကြီးကလည်း နှစ်ကြိမ်တောင် ရမန်ယူပြီးပြီ ဖြစ်တဲ့ အတွက်ကြောင့် နောက်ထပ် ၄ ရက် ပဲပေါ့နော်။ မေလ ၁၁ ရက်နေ့ထိကို ချုပ်ရမန်ပေးလိုက်ပါတယ်” ဟု ဦးတင်ညိုက ပြောကြားသည်။

ပထမ တစ်ကြိမ် လမူးရဲစခန်းမှ တရားစွဲခြင်းဖြစ်ပြီး ယခု တစ်ကြိမ်မှာ မအီရဲစခန်းမှ မအီမြို့ အနီးဗုံးကွဲမှုဖြင့် ချုပ်ရမန်ယူခြင်းဖြစ်ကြောင်း၊ နောက်လာမည့် မေလ ၁၁ ရက်နေ့ တွင် အမှုကို ပြန်မတင်နိုင်ပါက ချုပ်ရမန် နောက်ထပ် မပေးတော့ဟု ကြားသိရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ကျ ဒုရဲမှူး တစ်ဦးသို့ ဆက်သွယ်ရာ ၎င်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် မသိကြောင်း ပြန်လည်ဖြေကြားကာ ဖုန်းချသွားခဲ့သည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...