KNU/KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ကွယ်လွန်

KNU/KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ကွယ်လွန်
ဗိုလ်ချုပ်ကြီး စောဌေးမောင်
ဗိုလ်ချုပ်ကြီး စောဌေးမောင်

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌဖြစ်သူ အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဗိုလ်ချုပ်ကြီး စောဌေးမောင်သည် မေလ ၃ ရက် ညနေ ၆ နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

KNU/KNLA -PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင်မှာ ၎င်းတို့ဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဈာပနအခမ်းအနားကို မေလ ၅ ရက်နေ့ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ဌာနချုပ်အာဇာနည်ဗိမာန်ကုန်းတွင် အဖွဲ့အစည်း၏ ထုံးတမ်းစဉ်လာနှင့်အညီ ဂူသွင်းသင်္ဂြီုဟ်ခြင်း အခမ်းအနားဖြင့် ကျင်းပသွားမည်ဟု ကျန်ရစ်သူမိသားစု၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ပေါက်ကျော်ကျေးရွာ ဇာတိဖြစ်သည့် ဗိုလ်ချုပ်ကြီးစောဌေးမောင်သည် ကရင်တော်လှန်ရေးမစတင်မီ ကရင်လက်နက်ကိုင် တပ်ရင်း သနက(လက်နက်ကိုင်တပ်) ၁ တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့်အပြင် ကရင်တော်လှန်ရေးစတင်သည့် ၁၉၄၉ ခုနှစ်အချိန်မှ စတင်ကာ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် -KNLA တွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သူ လည်းဖြစ် သည်။

ဗိုလ်ချုပ်ကြီးစောဌေးမောင်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တွင် တပ်မဟာ (၇) တပ်မဟာမှူးအဖြစ် ဗိုလ်မှူးချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။

၎င်းလက်ထက်တွင် KNU/KNLA(PC) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် -NCA ကို အခြားသော ကရင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်သည့် KNU -ကရင်အမျိုးသားအစည်း အရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA တို့နှင့်အတူ လက်မှတ်ရေး ထိုးနိုင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး စောဌေးမောင် ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနော် မရွိုင်းရယ်နှင့်အတူ သား ၁ဦး၊ သမီး ၂ဦးနှင့်မြေးမြစ်တို့ ကျန်ရစ်ခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...