ပုဏ္ဏားကျွန်း စေတီပြင်စစ်ရှောင်စခန်းမှ ဒုက္ခသည် ၁၃၀၀ ကျော် နေရပ်ပြန်နိုင်ရေး နယ်/လုံဝန်ကြီးနှင့်ဆွေးနွေး

ပုဏ္ဏားကျွန်း စေတီပြင်စစ်ရှောင်စခန်းမှ ဒုက္ခသည် ၁၃၀၀ ကျော် နေရပ်ပြန်နိုင်ရေး နယ်/လုံဝန်ကြီးနှင့်ဆွေးနွေး
ပုံ - သဘာဝ နဒီ
ပုံ - သဘာဝ နဒီ

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည် ၁၃၀၀ ကျော် နေရပ်ပြန်နိုင်ရေး အတွက် စခန်းတာဝန်ရှိသူများမှ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့တွေ့ဆုံရာတွင် ဒေသခံဆရာတော် (၃)ပါး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအပါဝင် ရပ်မိရပ်ဖအဖွဲ့ဝင်များပါဝင် ပြီး နယ်/လုံဝန်ကြီးမှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ပေါက်တောပြင်ကျေးရွာအနီး တပ်မတော်စခန်းမှ ဗျူဟာမှူးနှင့်တွေ့ဆုံရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒေသခံဆရာတော်များနှင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ ပေါက်တောပြင်ကျေးရွာအနီးရှိ တပ်စခန်းမှ ဗျူဟာမှူးနှင့် သွားရောက်တွေ့ဆုံခဲ့ရာတွင် ကျေးရွာသားများ၏ အိမ်ထောင်စုစာရင်းများကို ကောက်ယူပြီး စာရင်းစုံမှ ကျေးရွာသို့ပြန်ကြရန် ပြောကြားခဲ့ကြောင်း တွေ့ဆုံရာတွင်ပါဝင်သည့် ပေါက်တောပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က ပြောသည်။

“နယ်လုံဝန်ကြီးက ကျွန်တော်တို့ရွာမှာ ထိုင်နေတဲ့စခန်းက ဗျုဟာမှူးကိုဖုန်းဆက်တယ်။ ကျွန်တော်တို့ ဗျုဟာမှူးနဲ့ ဆွေးနွေးတော့ ဗျုဟာမှူးက မိသားစုတစ်ခုစီရဲ့ အိမ်ထောင်စုစာရင်းတွေကို လုပ်အုံးလို့ပြောတယ်။ လုပ်ပြီးမှ တခါ တည်းဝင်ကြပါလို့ ပြောတယ်” ဟု ဦးကံထွန်းအောင်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ လဆန်းပိုင်းက ကျေးရွာအနီးတောင်တန်းများတွင် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပေါက်တောပြင် ကျေးရွာသား ၁၃၀၀ ကျော်မှာ စေတီပြင်စစ်ဘေးရှောင်စခန်းနှင့် နောက်ထပ် ၁၀၀၀ ခန့်မှာ ရသေ့တောင်မြို့ အပါအဝင် အခြားနီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိမှာ နေရပ်ပြန်နိုင်ရေးအတွက် စေတီပြင်စစ်ဘေးရှောင်စခန်းရှိသူများ၏ အိမ်ထောင်စုစာရင်းများကို ကောက်ယူနေကြောင်း ဦးကံထွန်းအောင်က ဆက်ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များမှာ စားသောက်နေထိုင်ရေး၊ ရေရရှိရေးအခက်အခဲများရှိသဖြင့် မိုးမကျမီ မိမိတို့ကျေးရွာသို့ပြန်ချင်နေကြသည်ဟု ၎င်းစစ်ရှောင်စခန်းတွင် အကူအညီပေးနေသည့် ဦးဇင်း အာရက္ခက မိန့်သည်။

“အခုက မိုးရွာလာပြီဆိုတော့ သူတို့မှာ နေစရာအိမ်မရှိကြတော့ဘူးလေ။ ယာယီစခန်းမှာနေရတာဆိုတော့ မိုးလည်းမလုံဘူးလေ။ နောက်ပြီးတော့ မိုးရာသီဆိုရင် လယ်သမားတွေမှာ လယ်ထွန်ရတော့မယ်။ အဲဒီ အတွက်ကြောင့် သူတို့တွေက မိမိနေအိမ်ကိုပြန်ချင်နေကြတယ်” ဟု ၎င်းဦးဇင်းက မိန့်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ၂ နှစ်ခန့် ကြာမြင့်လာနေပြီး စစ်ဘေးရှောင်နှင့် စစ်ဘေးသင့်ဦးရေမှာ တစ်သိန်းခြောက်သောင်းကျော်အထိ ရှိလာနေကြောင်း ဧပြီလ ၃၀ ရက်နေ့တွင် ရခိုင်မျိုးနွယ်များအစည်း အရုံး(REC)က ထုတ်ပြန်ခဲ့သည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...