မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အာဆာအဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အာဆာအဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရ

ချလူးအောင်၊ စုမွန် — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတွင် မေလ ၂ ရက်နေ့က နံနက်ပိုင်းက အာဆာအဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးဆောင်ရွက်နေစဉ် နယ်ခြားမှတ်တိုင် ဘီပီ ၄၁ ၏ အရှေ့တောင်ဘက် မီတာ ၄၀၀ သို့အရောက်တွင် အာဆာအဖွဲ့ဝင်များမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှနေပြီး ချောင်းမြောင်းပစ်ခတ်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်စစ်ကြောင်းတို့မှ စစ်ကူပေးပြီး ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အာဆာအဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တင်ဝင်းနိုင်တွင် ဦးခေါင်းကျည်ရှပ်ထိမှန်ဒဏ်ရာ ရရှိသွားခဲ့ပြီး ရဲတပ်သား ဇေယျာသိန်းတွင် ပေါင်၌ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဧပြီ ၈ ရက်က ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာတွင် အာဆာအဖွဲ့၏ ယာယီနေရာအတွင်းမှ ခဲယမ်းများ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ထို့ပြင် ဧပြီလ ၁၅ ရက်နေ့ကလည်း အောင်ဇူနယ်ခြားစောင့်ရဲစခန်းမှ တပ်ဖွဲ့ဝင်များကို ခမောင်းဆိပ်ကျေးရွာ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ အာဆာအဖွဲ့ဝင်များက ချောင်းမြောင်းပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့တွင်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ အာဆာအဖွဲ့ဝင်နှစ်ဦးကို မူးယစ်ဆေးဝါး၊ ဒေသန္တရလက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းမိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...