လူနာအမှတ် ၁၂၁ နှင့် ထိတွေ့သူ အားလုံးနီးပါး Negative ဖြစ်

လူနာအမှတ် ၁၂၁ နှင့် ထိတွေ့သူ အားလုံးနီးပါး Negative ဖြစ်
Photo by NRC
Photo by NRC

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေသည့် ကိုဗစ်လူနာ အမှတ် (၁၂၁) နှင့် ထိတွေ့ ဆက်စပ်သူ အားလုံးနီးပါး၏ ဆေးစစ်ချက်အဖြေမှာ Negative ဖြစ်ကြောင်း သိရသည်။

လူနာ အမှတ် ၁၂၁ နှင့် ဆက်စပ်သူ မိသားစု အပါအဝင် သူငယ်ချင်း မိတ်ဆွေများ၊ သွားဆရာဝန် နှင့် လေယာဉ် ခရီးဖော်များ၊ စုစုပေါင်း ၅၄ ဦး အနက် ၅၁ ဦးသည် Covid-19 ရောဂါ ပိုးကင်းစင် သူဖြစ်ကြောင်း သိရသည်။

“ပိုးတွေ့လူနာ ၁၂၁ နဲ့ ထိတွေ့တဲ့ သူအားလုံး ၅၄ ယောက် ရဲ့ ဓါတ်ခွဲနမူနာ ပို့ထားတယ်။ အဲဒီထဲမှာ ၅၁ ယောက်ရဲ့ အဖြေရပြီ။ ပိုး မတွေ့ဘူးပေါ့နော်။ ၃ ယောက် ရဲ့ အဖြေ ကျန်သေးတယ်” ဟု ပြည်နယ်အထူးရောဂါ နှိမ်နင်းရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လူနာ အမှတ် ၁၂၁ သည် ဧပြီ ၅ ရက်နေ့က ရန်ကုန်မှ ဟဲဟိုး သို့ Golden Myanmar Airline ဖြင့် ရောက်ရှိလာပြီး လေယာဉ် ပေါ် လိုက်ပါလာသည့် ခရီးသည် ၂၈ ဦး အနက် ၃ ဦးတွင် အဖြေ မသိရသေးကြောင်း ဒေါက်တာနှင်းအိဖြူ ကပြောသည်။

“လေယာဉ်ပေါ်မှာ တူတူစီးတဲ့သူ ၃ ယောက် အဲ့ဒါတော့ အဖြေမထွက်သေးတာပေါ့နော်။ကျန်တဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ၊ သွားဆေးခန်းက ဆရာဝန်၊ လေယာဉ်ပေါ်က ခရီးသည် တော်တော်များများ သူတို့အားလုံး ရဲ့ အဖြေက Negative ပဲ” ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။

လူနာ အမှတ် ၁၂၁ သည် မတ်လ ၂၂ ရက်နေ့က အင်္ဂလန် နိုင်ငံမှ ပြန်လာသူ ဖြစ်ပြီး ရန်ကုန် Airport Hotel တွင် Quarantine ဝင်ခဲ့သည်။ ထိုကာလ အတွင်း အနံံ့အရသာ ပျောက်နေသည့် အကြောင်း ကို ကျန်းမာရေးဝန်ထမ်းများကို ပြောပြခဲ့သည်။

သို့သော် ထိုအချိန်တွင် အံသွားပေါက်နေသည့် အတွက်ကြောင့် Covid-19 ဖြစ်မှန်း မထင်ဘဲ Quarantine ရက်ပြည့်သည့် ဧပြီ ၅ ရက်နေ့ တွင် ပြန်လာခဲ့သည်။

ထို့ပြင် ဧပြီ ၁၉ ရက်ထိ လူနာ အမှတ် ၁၂၁ သည် အနံံ့အရသာ မရသဖြင့် တောင်ကြီး ဆေးရုံကို သွားပြခဲ့ပြီး သံသယလူနာ အဖြစ် သတ်မှတ်ခဲ့ရာ ဧပြီ ၂၁ ရက် ညတွင် ဆေးစစ်ချက် အဖြေ positive အဖြေ ထွက်ခဲ့သည်။

ထို့ကြောင့် လူနာ အမှတ် ၁၂၁ နှင့် ထိတွေ့ ဆက်စပ်ခဲ့သူ စုစုပေါင်း ၅၄ ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ ၁၄၆ ဦး ရှိပြီး သျှမ်းပြည်တွင်းရှိ ပိုးတွေ့လူနာ ၇ ဦး အနက် ယနေ့ ဧပြီ ၂၇ ရက်နေ့တွင် တစ်ဦး ဆေးရုံဆင်းခွင့်ရရှိပြီးပိုးတွေ့ လူနာ စုစုပေါင်း ၆ ဦး သာ ရှိကြောင်းသိရသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...