စာသင်ကျောင်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များ ကျောင်းဖွင့်ကာလတွင် နေထိုင်ရေး အခက်အခဲဖြစ်လာနိုင်

စာသင်ကျောင်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များ ကျောင်းဖွင့်ကာလတွင် နေထိုင်ရေး အခက်အခဲဖြစ်လာနိုင်
အ.ထ.က ကျောက်တော်ကျောင်းအတွင်း လာရောက်ခိုလှုံနကွေသညျ့ စစျဘေးရှောငျမြားအား ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးဦးထွန်းဝင်း)
အ.ထ.က ကျောက်တော်ကျောင်းအတွင်း လာရောက်ခိုလှုံနကွေသညျ့ စစျဘေးရှောငျမြားအား ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးဦးထွန်းဝင်း)

မင်းထွန်း — လာမည့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နိုင်ခြေရှိသောကြောင့် စာသင်ကျောင်းအချို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ နေထိုင်ရေး အခက်အခဲဖြစ်လာနိုင်သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ကျောက်တော်မြို့ပေါ်တွင်ရှိသည့် စာသင်ကျောင်းများတွင် စစ်ဘေးဒုက္ခသည် (၃၀၀၀) ခန့် ခိုလှုံနေကြသည်။ အ.ထ.က ကျောက်တော် စာသင်ကျောင်းတွင် ( ၁၃၀၀) ကျော်၊ အ.ထ.က မြို့မတွင် (၁၁၀၀) ကျော်၊ ပိုက်သည် မူလွန် ကျောင်းတွင် (၁၀၀) ကျော်၊ အ.ထ.က ခွဲ ရှမ်းရွာတွင် ( ၁၀၀) ကျော်၊ အ.မ.က (၁) မြို့သစ်တွင် (၁၃၀ ) ခန့်၊အ.မ.က(၃) မြို့သစ်တွင် (၁၈၀) ကျော် ခိုလှုံနေကြခြင်းဖြစ်သည်။

ယင်းစစ်ဘေးရှောင်များမှာ ကျောင်းများဖွင့်လှစ်လျှင် ကျောင်းက ပြောင်းရွှေ့ရမည့်အခြေအနေ ဖြစ်နေသည်။ သို့သော် လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း စစ်ဘေးရှောင်များစွာ ခိုလှုံနေ ကြသည်။ ထို့ကြောင့် စာသင်ကျောင်းတွင် ခိုလှုံနေကြသူများကို မြို့ပေါ်ရပ်ကွက်များရှိ စစ်ဘေးရှောင်စခန်းများတွင် ပြောင်းရွှေ့နေရာချထားပေးရန်လည်း အခက်အခဲရှိသည်ဟု ဦးဦးထွန်းဝင်းက ပြောသည်။

“ မိုးကျလာရင် (စာသင်ကျောင်းက) စစ်ဘေးရှောင်တွေကို ဘယ်လိုထားရမှာလဲဆိုတာ ကျနော်တို့လက်ထဲမှာလည်း အဖြေမရှိသေးဘူး” ဟု ၎င်းက ဆိုသည်။

လာမည့် ကျောင်းဖွင့်မည့် မိုးရာသီတွင် စစ်ဘေးရှောင်များ နေထိုင်ရေးအတွက် အခက်အခဲမရှိစေရန် IDP စခန်းများ ဆောက်လုပ်ပေးရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တောင်းဆိုထားကြောင်း ကျောက်တော်မြို့ပေါ် အ.ထ.က မြို့မစာသင်ကျောင်း၏ စခန်းတာဝခန်ခံ ဦးမောင်ဝင်းကပြောသည်။

“သူတို့က ထပ်ပြီးတော့ တင်ပြထားတယ်၊ မြေနေရာတွေကိုလည်း လျာထားတယ်လို့ပြောတယျ။ စစျဘေးရှောငျတှေ ယာယီနေထိုင်လို့ရအောင် မြေနေရာလုပ်ပေးပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ပြောထားတယ်။ မြို့နယ် ထွေ/အုပ်ကလည်း အထက်ကို IDP စခန်းချပေးဖို့ တင်ထားတယ်လို့ပြောတယ်။ ဘယ်တော့ ချပေးမလဲ အစီအစဉ်ကိုတော့ မသိရသေးဘူး”ဟု ဦးမောင်ဝင်းက ဆိုသည်။

စစ်ဘေးရှောင်များသည် စာသင်ကျောင်းများတွင်ခိုလှုံနေကြသလို တချို့သော စစ်ဘေးရှောင်စခန်းများတွင် အမိုးအကာများ လုံလောက်မှုမရှိသည့်အတွက် အစိုးရအနေဖြင့် အကူအညီပေးရန် ကြိုတင်ပြင်ဆင် ထားသင့့်သည်ဟု ဝံလက်ဒေသဖွ့ံဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“ လာမယ့် ဇွန်လမှာဆိုရင်လည်း ကျောင်းက ဖွင့်တော့မယ်ဆိုတော့ ကျောင်းဖွင့်ရာသီဖြစ်တဲ့အတွက် အဆင်မပြေဘူး။ အဲတာကြောင့် အခုလက်ရှိလုပ်နေကြတဲ့ ရှိနေတဲ့နေရာတွေမှာ စနစ်တကျ ထားသင့်တယ်။ အစိုးရမှာ ငွေကြေးမရှိဆိုရင်တောင်မှ နိုင်ငံတကာတွေက ကူညီပ့ံပိုးမှုတွေကို လက်ခံပြီးတော့ လုပ်ဆောင်သင့်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဆက်လက်စစ်ရေးတင်းမာနေပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောငျနရေသညျ။ လကျရှိအခြိနျတှင် ပြည်နယ်တွင်း စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော် အထိရှိလာကာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...