ဘူးသီးတောင်တွင် ရွာထဲသို့ ကျည်ဆံကျရောက်သောကြောင့် တစ်ဦးဒဏ်ရာရ၊ ရွာသားများထွက်ပြေး

ဘူးသီးတောင်တွင် ရွာထဲသို့ ကျည်ဆံကျရောက်သောကြောင့် တစ်ဦးဒဏ်ရာရ၊ ရွာသားများထွက်ပြေး

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကံကော်မြိုင်ကျေးရွာသို့ ဧပြီလ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆံများ ကျရောက်သောကြောင့် အသက်(၁၃)နှစ်အရွယ် မဆန်းနွယ်မှာ ညာဖက်ခြေတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက်လာသောကြောင့် ရွာသားအမြောက်အမြားလညျး လုံခွုံမညျ့ ကြေးရှာမြားသို့ ထွက်ပြေးတိမ်းရှောငျသှားရသညျ။ ယငျးလကျနကျကွီးကညြျမြားမှာ ကြေးရှာ၏ အနောကျတောငျဘကျ ၁ မိုငျကြောျအကှာတွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲမှ ကျရောက်လာသည့် ကျည်များဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်းက ပြောသည်။

“မနေ့က ကျွန်တော်တို့ ရွာအနောက်တောင်ဘက် ၁ မိုင်ကျော်မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ရွာကို လက်နက်ကြီး၊ ကျည်တွေကျတော့ ရွာသူ၊ သားတွေ ကြောက်ပြီးတော့အကုန်လုံး ထွက်ပြေးသွားကြတယ်။ ဘယ်အဖွဲ့က ပစ်လဲဆိုတာတော့ ကျွန်တော်တို့ သွားမကြည့်ရဲလို့ မသိဘူး ”ဟု ၄င်းကဆိုသည်။

အဆိုပါ ကံကော်မြိုင်ကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်နှင့် လူဦးရေ စုစုပေါင်း ၄၀၀ ကျော်နေထိုင်ကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဆက်လက် စစ်ရေးတင်းမာနေပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောငျနရေသညျ။

လက်ရှိအချိန်တွင် ပြည်နယ်တွင်း စစ်ဘေးရှောင် တစ်သိန်းငါးသောင်ကျော်အထိ ရှိလာကာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...