ရခိုင်တိုက်ပွဲ ပြင်းထန်လာသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးလမ်းစ မှေးမှိန်လာသကဲ့သို့ ခံစားလာမိဟု ALP ထုတ်ပြန်

ရခိုင်တိုက်ပွဲ ပြင်းထန်လာသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးလမ်းစ မှေးမှိန်လာသကဲ့သို့ ခံစားလာမိဟု ALP ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားေနခြင်းကြောင့် စစ်ဘေးရှောင်ဦးရေများ နောက်ထပ်တိုးပွားလာမည့် အခြေအနေရှိနေသည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးလမ်းစများ တဖြည်းဖြည်းမှေးမှိန်လာသကဲ့သို့ ခံစားလာမိသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်သည်။

စစ်ကိုစစ်ဖြင့်မဖြေရှင်းဘဲ နိုင်ငံရေးပြဿနာကို စားပွဲပေါ်တင် အဖြေရှာနိုင်မည့်နည်းကို အာရုံစိုက်လုပ်ေဆာင်ခြင်းဖြင့်သာ နိုင်ငံတော်အေးချမ်းသာယာရေးကို ပိုမိုအထောက်အပံ့ဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်း ALP က ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို အစိုးရက အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ယခုနှစ် မတ်လ ၂၃ ရက်နေ့က သတ်မှတ်ခဲ့သည်။ တစ်ဖက်တွင်လည်း ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်တစ်စောင်တွင် “ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရခိုင်နှင့်ချင်းပြည်နယ်အတွင်း အပြစ်မဲ့အရပ်သားများ မတော်မတရား ထိခိုက်သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်သည့်သူများကို မိမိတို့ပါတီမှ ပြင်းထန်စွာရှုတ်ချသည်ဟုလည်း ALP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် ပြည်သူများသေဆုံးမှုများရှိနေသည့်အတွက် အရပ်သားသေဆုံးမှုကို နည်းပါးအောင်လုပ်ဆောင်ရန်နှင့် သေဆုံးဒဏ်ရာရသူများအား နှစ်ဖက် လက်နက်ကိုင်အဖွဲ့များအနေဖြင့် တာဝန်ယူရန်လိုအပ်ကြောင်း ALP အရံ ဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးက DMG ကိုပြောသည်။

“ တိုက်ပွဲဖြစ်ရင်လည်း တိုက်ပွဲပုံသဏ္ဍာန်နဲ့ညီမျှအောင်ဖြစ်ကြ။ အရပ်သား သေဆုံးမှုတွေကို နည်းနိုင်သမျှ နည်းအောင်လုပ်ကြ။ ဒီဟာကို အဓိက လိုလားတယ်။ အခုက စစ်သားတွေ မသေဘဲ ပြည်သူတွေပဲ သေနေကြတယ်။ တိုက်ပွဲဖြစ်တဲ့အခါ တစ်ခုခုဖြစ်တယ်ဆိုရင် တစ်ဖက်ကမှ တာဝန်မယူကြဘူး” ဟု ၎င်းက ဝေဖန်သည်။

ယခုကာလသည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တစ်တိုင်းပြည်လုံးလက်တွဲညီညီ ကာကွယ်ကြရမည်ဖြစ်၍ နှစ်ဘက်တိုက်ခိုက်မှု အမြန်ရပ်ဆိုင်းရန်၊ စစ်ကြောင့် ထိခိုက်နစ်နာသေဆုံးသူ မိသားစုများအပေါ် လူသားချင်း စာနာထောက်ထားမှုအကူအညီ အမြန်ဆုံးဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။

ထို့ပြင် စစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချပြီး အမိုးအကာအောက်၌ အန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေးနှင့် မိုးဦးကျကျောင်းမဖွင့်မီ စစ်ဘေးရှောင်ကလေးများ စာသင်ကြားနိုင်ေရးတို့ကို အလေးထား စဉ်းစားပေးရန်လည်း ALP က တောင်းဆိုထားသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...