နယ်စပ် မြဝတီရှိ စောင့်ကြည့်ရေးစခန်းရောက် ထိုင်းပြန် ၁,၀၀၀ ခန့် နေရပ် ပြန်ကြမည်

နယ်စပ် မြဝတီရှိ စောင့်ကြည့်ရေးစခန်းရောက် ထိုင်းပြန် ၁,၀၀၀ ခန့် နေရပ် ပြန်ကြမည်
Photo: Nay Naw
Photo: Nay Naw

ထိုင်းနိုင်ငံ ဒေသအသီးမှ ထိုင်း-မြန်မာ နယ်စပ်  မြဝတီ အမှတ် ၂ တံတားကတဆင့် မတ်လကုန်ပိုင်းက ဝင်ရောက်လာသည့် ဦးရေ ထောင်ချီရှိသော ထိုင်းပြန် မြန်မာလုပ်သားများမှာ စောင့်ကြည့်ကာလ ၂၁ ရက် ပြည့်ပြီဖြစ်၍ နေရပ်အသီးသီးသို့ ဆက်လက်ထွက်ခွာကြမည် ဖြစ်သည်။

၎င်းတို့ ပြည်တွင်းသို့ ဝင်ရောက်လာပြီးနောက် မြဝတီမြို့နယ်ရှိ စောင့်ကြည့်ရေးစခန်း ၅ ခုတွင် ထားရှိခဲ့ခြင်း ဖြစ်သည်။ အမှတ်(၄)ရပ်ကွက် ကျောက်လုံးကြီးပြန်လည်ကြိုဆိုရေးစခန်း၊ ရွှေမြဝတီ စျေး၊ အမှတ် ၁ အထက ကျောင်း၊ mou စောင့်ကြည့်ရေးစခန်းနှင့် လေးကေ့ကော်မြို့သစ် စောင့်ကြည့်ရေးစခန်းများတွင် ဖြစ်သည်။

မြဝတီမဲဆန္ဒနယ်(၂) ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ဒီနေ့ ဧပြီလ ၁၉ရက်နေ့မှာ ၈၇ ဦး စတင် စေလွှတ်ခဲ့ပြီး မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့မှာတော့ Quarantine ၂၁ ရက် ပြည့်ကြမယ့် မြဝတီနယ်စပ်စောင့်ကြည့်ရေးစခန်း ၅ ခုမှာ ကျန်ရှိနေတဲ့ ထိုင်းပြန် မြန်မာလုပ်သား ၈၀၀ ကျော်ကို သူတို့ နေရပ်ဒေသအသီးသီးကို ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းတို့အနက် (၈၇) ဦးကို နေရပ်ရင်းသို့ မြဝတီမှ ဆက်လက်ထွက်ခွာရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက မြဝတီမြို့မှ ကားဖြင့်တင်ပေးခဲ့ကြသည်။ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် စသည့် ဒေသအသီးသီးသို့ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ယာဉ်စီးခအခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ Covid-19 ကာကွယ်ထိန်းချုပ်ရေးအစီအမံ ခရီးသွားလာမှုကန့်သတ်ချက်အရလည်းကောင်း၊ ပြည်တွင်း၌ စောင့်ကြည့်ရေးစခန်းများ တိုးချဲ့ပြင်ဆင်နေချိန်ဖြစ်၍လည်းကောင်း နယ်စပ်မှတဆင့် ပြည်တွင်းသို့ ထပ်မံဝင်ရောက်လာမည့် မြန်မာလုပ်သားများ ဧပြီလ ၃၀ ရက်နောက်ပိုင်းမှသာ ပြန်လာကြရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...