ထိုင်း-မြန်မာနယ်စပ် ရာဘာတောထဲ သောင်တင်နေသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်အား သွားရောက်ခေါ်ယူ

ထိုင်း-မြန်မာနယ်စပ် ရာဘာတောထဲ သောင်တင်နေသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်အား သွားရောက်ခေါ်ယူ

စောမြတ်ဦးသာ — ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မွန်ပြည်သစ်ပါတီတပ်စခန်းတည်ရှိရာ ဂျပန်ရေတွင်းနှင့် ကြံတောရွာ ရာဘာတောထဲတွင် ဧပြီလ ၉ ရက်နေ့ကတည်းက သောင်တင်နေသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၁၃၇ ဦးကို လွှတ်တော်ကိုယ်စားလှယ်နှင့် လူမှုအဖွဲ့အစည်းများက သွားရောက်ခေါ်ယူခဲ့သည်ဟု သိရသည်။

မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အသီးသီးမှ ပြန်လည်ရောက်ရှိလာသူ မြန်မာ နိုင်ငံသား ၁၃၇ ဦးကို ဧပြီ ၁၁ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်နှင့် လူမှုအဖွဲ့များမှ မွန်ပြည်သစ်ပါတီအဖွဲ့ တာဝန်ရှိသူထံ သွားရောက်ညှိနှိုင်းခဲ့ပြီးနောက်  ဧပြီ ၁၂ ရက်တွင် ဘုရားသုံးဆူမြို့သို့ ပြန်လည်ခေါ်ဆောင်လာပြီး ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် စောရှား ဖောင်အွာက ပြောသည်။

“မွန်ပြည်သစ်ပါတီစခန်းဘက်က ပြန်လာရင် သူတို့တွေကို နေရာစီစဉ်ပေးထားကြဖို့ မနေ့က စခန်းတာဝန်ရှိသူနဲ့ သွားရောက် ညှိနှိုင်းမှု လုပ်ခဲ့တယ်။ ရွာတွေမှာ ပေးမဝင်ကြတော့ ရာဘာပင်အောက်မှာ ၂ ည အိပ်ခဲ့ရတယ် ပြောတယ်။ သူတို့အခု ဘုရားသုံးဆူ နယ်စပ်ဂိတ်မှာ ရောက်လာပါပြီး” ဟု ယနေ့ (ဧပြီ ၁၂ ) ရက်တွင် ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေသည့် အဆိုပါ မြန်မာနိုင်ငံသားများသည် မွန်ပြည်သစ်ပါတီ တပ်စခန်းတည်ရှိသည့် ဂျပန်ရေတွင်းနှင့် ကြံတောရွာတွင် ပွဲစားမှတစ်ဆင့် ပြန်လည်ပို့ဆောင်လာပြီး ရာဘာတောထဲသာ သောင်တင်နေထိုင်ရသည့် အတွက် တာဝန်ရှိသူများက သွားရောက်ခေါ်ဆောင်လာခြင်းဖြစ်သည်။

ပြန်လည်ရောက်ရှိလာသူများထဲမှ မွန်ပြည်နယ်အတွင်း နေထိုင်သူများကို ၎င်းတို့၏ပြည်နယ်အစိုးရထံ လွှဲပြောင်းပို့ဆောင် ပေး သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီးအသီးသီးမှ နေထိုင်သူများအား ဘုရားသုံးဆူမြို့စာသင်ကျောင်းနှင့် ကြာအင်းဆိပ်ကြီးမြို့စာသင်ကျောင်းများတွင် နေရာသတ်မှတ်ထားပြီး ကျန်းမာရေးစောင့်ကြည့်မှု ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်တွင် မတ်လ ၁၅ ရက်နေ့က ပြည်ပမှ ပြန်လာသူများကို ကျန်းမာရေးစစ်ဆေးမှုများ စတင်ဆောင်ရွက်ပေးနေပြီး ယနေ့အချိန်ထိ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားများ နေ့စဉ် ဝင်ရောက်လာသေးသည်ဟု နယ်စပ်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှု ပူးပေါင်းအဖွဲ့များထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...