ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့ ရခိုင်အရေး ဆွေးနွေး

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့ ရခိုင်အရေး ဆွေးနွေး
ဓာတ်ပုံ - စံမြတ်ရွှေ
ဓာတ်ပုံ - စံမြတ်ရွှေ

ဝင်းညွန့် — လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren တို့ ဧပြီလ ၅ ရက်တွင် အွန်လိုင်းက ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ခံထားရမှုနှင့် သတင်းမီဒီယာ အချက်အလက်စီးဆင်းမှု အခက်အခဲများ၊ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ တစ်စထက်တစ်စ တိုးပွားလာနေမှုများ၊ ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မည့်အလားအလာ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“သူတို့ပြောတာကလည်း ရွေးကောက်ပွဲ ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာကို မေးတယ်။ ကျွန်တော်ကတော့ ပြောလိုက် တယ်။ ရွေးကောက်ပွဲဖြစ်ဖို့ ၇၅ ရာခိုင်နှုန်းလောက် မဖြစ်နိုင်ဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ အခုက AA ကို အကြမ်းဖက်ကြေငြာလိုက်တယ်ဆိုတော့ တိုက်ပွဲက ဟိုဖက်ကလည်း ပြင်းလာနိုင်တယ်။ ဒီဖက်ကလည်း ပြင်းလာနိုင်တယ်။ ဒီတော့ ရွေးကောက်ပွဲနဲ့ ပိုပြီးတော့ ဝေးကွာလာနိုင်တယ်။ ဖြစ်နိုင်ခြေ ရှိ၊မရှိကိုတော့ သူတို့မှတ်ချက်မပေးဘူး၊ ကျွန်တော်ကပဲ ဆွေးနွေးဖြစ်တာ။ သူတို့ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတာတော့ မပြောဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြင်ဆင်စီမံဆောင်ရွက်နေမှုအပေါ် အားနည်းချက်၊ အားသာချက်များ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု ရခိုင်ပြည်နယ်လွှတ်တော်မှ သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...