သျှမ်းပြည်တွင် COVID-19 အတွက် ဘတ်ဂျက် သီးသန့် မရှိ

သျှမ်းပြည်တွင် COVID-19 အတွက် ဘတ်ဂျက် သီးသန့် မရှိ

နန်းဆိုင်ဖူး — သျှမ်းပြည်နယ်အစိုးရအနေဖြင့် COVID-19 အတွက် သီးသန့်ဘတ်ဂျက်မရှိသော်လည်း သဘာဝဘေးအန္တရာယ်အတွက် လျာထားသည့် ဘတ်ဂျက်ကို သုံးစွဲသွားမည်ဟု သတင်းရရှိသည်။

၂၀၂၀ သဘာဝဘေးအန္တရာယ်အတွက် လျာထား ဘတ်ဂျက် ရန်ပုံငွေ သန်း ၈၀၀ ထဲမှ  COVID-19 အတွက် ထုတ်နုတ် သုံးစွဲသွားမည်ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းထံမှ သိရသည်။

 

“ဒီနှစ်အတွက် ရန်ပုံငွေ ရေးဆွဲတုန်းက COVID-19 မပေါ်သေးဘူး။ မပေါ်သေးတော့ COVID- 19 အတွက် လျာထားတာ ဆိုတာကတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြည်နယ် ရန်ပုံငွေ ထဲပါတော့ သဘာဝ အတွက် လျာထားတဲ့ထဲက သုံးစွဲသွားမယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ သန်း ၈၀၀ ထဲမှ  ရန်ပုံငွေ အချို့ကို COVID-19 အတွက် သုံးစွဲပြီးကြောင်း၊ လက်ရှိမှာ သန်း ၅၀၀ကျော် ကျန်သေးပြီး ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း၊ COVID-19 အတွက် အခြားရန်ပုံငွေမှ ဆွဲယူ သုံးစွဲခြင်းမရှိသေးကြောင်း ဒေါက်တာမျိုးထွန်း ကဆက်လက်ပြောသည်။

သျှမ်းပြည်နယ်တွင် ဧပြီ ၁ ရက်နေ့အထိ စာရင်းမှာ  COVID -19 စောင့်ကြည့်လူနာ ၈၉ ဦးရှိပြီး သံသယ လူနာ ၁ ဦး ၊ ပိုးမတွေ့ လူနာ ရ၇ ဦး ၊ ပိုးတွေ့လူနာ ၁ ဦးနှင့် အဖြေစောင့်သည့် လူနာ ၁၂ ဦး ရှိထားကြောင်း ဒေါက်တာမျိုးထွန်းက ပြောဆိုလိုက်သည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...